Ep.1 Unicode

556 15 3
                                    

''ဒိုင်း...ဒိုင်း!!!''

''သခင်လေး ကိုယ်ဝန်ကြီးနဲ့ သေနတ်ပစ်လို့မဖြစ်ပါဘူး...''

''သေချင်နေတာလား....ငါ့ကိုဆရာလုပ်ရဲနေပြီဆိုတော့....''

''.....''

ရှောင်းကျန့် ပစ်မှတ်အလယ်တည့်တည့်ကို သေချာချိန်ပစ်လိုက်ပြီး သူ့တပည့်ကျော်လေးကို လစ်လျူရှုလိုက်သည်။

loung coadအဖြူရောင်အောက်မှာ ဆွယ်တာအဝါလေးဝတ်ထားကာ ဖြူသွယ်တဲ့လက်ချောင်းတွေက သေနတ်ကို ပေါ့ပါးကျွမ်းကျင်စွာ ကိုင်ပြီး တစ်ချက်ပြီးတစ်ချက်ပစ်နေသည်။

နောက်ဆုံး တစ်ချက်ကို သူ့ကိုဗိုက်ကြီးအောင်လုပ်သွားတဲ့ တရားခံဟုမှတ်ကာ အလည်ပစ်မှတ်ထိ ချိန်ပစ်ပြီးနောက် စိတ်ဆိုးဒေါသထွက်လာကာ အဲ့သေနတ်ကိုပါ
ပစ်ချပြီး ထွက်သွားတော့သည်။

သေနတ်ပစ်တာနဲ့ မပြီးသေးပေ။ နောက်ထပ် ရေကူးဝတ်စုံလဲဝတ်ကာ ဆယ်ပေနက်တဲ့ ရေကူးကန်ထဲ ခုန်ဆင်းလိုက်ပြန်၏။

ချောမွတ်ကာ ဖြူဝင်းတဲ့အသားအရေနဲ့ ခြေတံလက်တံရှည်တဲ့ ရှောင်ကျန့်က တကယ်တော့ မာဖီးယားအဖေရဲ့ အလိုလိုက်ခံအချစ်ခံ ကောင်လေးတစ်ယောက်ဖြစ်သည်။

USက ဆရာဝန်ဘွဲ့ရထားပေမဲ့လို့ ဖခင်သွေးအပြည့်ပါကာ ကြမ်းတမ်းပြီး အထိန်းအချုပ်ကင်းမဲ့သည်။ သေနတ်ပစ် မြင်းစီး ရေကူး အလွန်တော်သည့်ကောင်လေးတစ်ယောက်ဖြစ်သည်။

အခုတော့ဖြင့် ဒေါသထွက်သမျှ ဇွတ်တွေလေ့ကျင့်ခန်းလုပ်ကာ ဖြေလျှော့နေရသည်။

နှစ်ခေါက်လောက် ရေကူးပြီးနောက် တပည့်ကျော်တွေက အသဲအသန် ရေထဲကဆွဲတာကာ ရေခြောက်အောင် သုတ်ပေးပြီး နွေးနွေးထွေးထွေး အကျီ်အထူတွေ အတင်းဝတ်ပေးလာတော့ လက်သီးနဲ့ မထိုးမိအောင်လို့ စိတ်ကိုမနဲဆွဲဆန့်ထားရပြန်သည်။

ရှောင်းကျန့်ရဲ့ အံတကျိတ်ကျိတ်နဲ့ နေ့တိုင်းဒေါသထွက်ကာ...စိတ်ထွက်ပေါက်ရှာနေတဲ့ ပုံစံကြောင့် ရှောင်းစွန်းဝူတစ်ယောက် သူ့သားကို အသဲတယားယားဖြစ်နေရ၏..

အစကတော့ သူမွေးထားတာ သားဖြစ်ပါရဲ့နဲ့ ကိုယ်ဝန်ရတယ်လို့ ဆရာဝန်ပြောပြောချင်း
လိမ်ပြောရကောင်းလားလို့ အဲ့ဆရာဝန်ကို ပိတ်ထိုးပစ်တာ ဟိုကဆရာဝန်ငယ်ငယ်လေးခမျာ ဒူးထောက်မတက် တောင်းပန်ကာ ငိုယိုလာတော့မှ သူ့မှာ အမှန်ကို လက်ခံလိုက်ရတော့တယ်။

က်ိုယ့်ရဲ့ရှင်ဘုရင်🍀🍀🍀Where stories live. Discover now