WL3

222 47 5
                                    

ဟိုဘီ့ရင်ခွင်ထဲမှာ ကပ်ချွဲနေသော နမ်ဂျွန်းဟာ အရင်တုန်းက တည်ကြည်သော စီးအီးအိုနှင့် တစ်စက်မှမတူပါ။

" နမ်ဂျွန်းရှီ.. ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို ရင်ဖွင့်လို့ရတယ်နော်
ကျွန်တော် နားထောင်ပေးမယ် "

" ဟိုဘီ သိလား
ကျွန်တော်က တစ်ခြားကလေးတွေလို ကံမကောင်းခဲ့ဘူး "

နမ်ဂျွန်းစကားကြောင့် ဟိုဘီ့လက်လေးတွေက နမ်ဂျွန်းရဲ့ကျောပြင်ကို ညင်သာစွာ ပွတ်ပေးနေသည်။

" ကျွန်တော့်မှာ သူများတွေလို အဖေနဲ့ပတ်သတ်ပြီး အမှတ်တရကောင်းမရှိခဲ့ဘူး
..
ကျွန်တော်ငယ်ငယ်တုံးက ကျွန်တော်တို့မိသားစုအခုလိုအဆင်မပြေခဲ့ဘူး
အဖေက အမြဲ အရက်သောက်ပြီး မူးနေခဲ့တာ
အမေက အဖေ့ကြောင့်အခန်းထဲမှာ ကြိတ်ငိုနေခဲ့တာ
အမေကြိတ်ငိုနေတာကိုကြည့်ပြီး ဗိုက်ဆာနေတာတောင်
အမေ့ကို ဗိုက်ဆာပါတယ်လို့ မပူဆာရက်ခဲ့ဘူး
...
စီးပွားရေးအဆင်ပြေလာတော့ အမေက ကျန်းမာရေးဆိုးလာခဲ့တယ်
အဖေကလည်း စီးပွားရေးကလွဲပြီး ဘာမှစိတ်မဝင်စားဘူး
အမေဆုံးတာတောင် ဝမ်းနည်းပုံမရဘူး
တစ်နှစ်အတွင်း နောက်မိန်းမနောက်ပါသွားတာပဲ
...
ကျွန်တော် အဖေ့ကို မုန်းတယ် "

" နမ်ဂျွန်း ငိုချင်ငိုလိုက် "

" အစောနကလည်း ငိုပြီးပြီ တော်ပါပီ "

" နမ်ဂျွန်းအနား ဘယ်သူမှ မရှိတောင် ကျွန်တော်ရှိအမြဲရှိပေးမယ် "

" ကျွန်တော့်ကို ထားမသွားဘူးမလား "

" အင်း နမ်ဂျွန်း ကျွန်တော့်ကို နမ်ဂျွန်းအနားရှိနေစေချင်သေးသ၍ ကျွန်တော်အမြဲရှိမယ် "

" ကျွန်တော် ဟိုဘီ့ကို ချစ်တယ်
ကျွန်တော့်အနား တစ်သက်လုံးရှိပေး‌ပါ "

" အင်း "

နမ်ဂျွန်းရဲ့ နဖူးကို ဟိုဘီအသာလေး နမ်းရှုံ့လိုက်သည်။
နမ်ဂျွန်းကလည်း ဟိုဘီ့ခါးလေးကို တင်းနေအောင် ဖက်ထားခဲ့သည်။
နမ်ဂျွန်းဟာ အရင်တုန်းကထက် ပိုပြီးပျော်ရွှင်နေတဲ့ လူသားတစ်ယောက်ဖြစ်လာသည်။
သူ့ဘဝထဲကို ဟိုဘီဆိုတဲ့ ဘယ်သူမှန်းမသိတဲ့ကောင်လေးတစ်ယောက်ဝင်လာခဲ့တာကြောင့်ဖြစ်သည်။
နမ်ဂျွန်းဟာ ဟိုဘီဘယ်သူဘယ်ဝါဖြစ်လဲဆိုတာကို လုံးဝစိတ်မဝင်စားခဲ့ပါ။
ဒီအတိုင်း ဟိုဘီ ၊ ဟိုဘီဆိုတဲ့ ကောင်လေးကို စွဲစွဲလမ်းလမ်းချစ်မိသွားခဲ့သည်။
သူ့ရဲ့နေ့စဉ်ဘဝမှာ ဟိုဘီက မပါမဖြစ်ပါခဲ့သည်။
နမ်ဂျွန်းကို စိတ်ပူပန်နေသော ဆယ်မီက သေသေချာချာစောင့်ကြည့်နေခဲ့သည်။

𝐖𝐀𝐗 𝐋𝐎𝐕𝐄 {uni+zawgyi}Where stories live. Discover now