WL4

308 52 7
                                    

" သူဌေး ဧည့်သည်ရောက်နေပါတယ် "

" ဘယ်သူလဲ ဆယ်မီ
ကြိုမချိန်းထားရင် ပြန်လွှတ်လိုက် "

" စီနီယာ ဂျင်ပါ "

" ဟင် ... ဝင်လာခိုင်းလိုက်
ပြီးတော့ စီနီယာ့အတွက် ကော်ဖီဖျော်ခဲ့ "

" ဟုတ် "

စီနီယာဂျင်က ကုမ္ပဏီအထိ လာတွေ့တယ်ဆိုတော့ နမ်ဂျွန်း စိတ်လှုပ်ရှားနေမိသည်။
ဘာကို စိတ်လှုပ်ရှားနေလဲဆိုတာကိုတော့ သူသေချာမသိပါ။

" ဂျွန်း .. နေကောင်လား "

" ထိုင်အုံး စီနီယာ
ကျွန်တော့်ကို လာတွေ့တာ ဘာကိစ္စရှိလို့လဲ "

" ကိစ္စရှိမှ လာတွေ့ရမှာလား
သတိရလို့လေ "

" ဗျာ .. "

" ဂျူနီယာလေးကို လွမ်းလို့ပါ
မင်း နေကောင်းရဲ့လား အလုပ်တွေကြည့်ပဲ အရမ်းဖိမလုပ်နဲ့
အနားယူပါအုံး "

" ဟုတ် နေကောင်းပါတယ်
ဟိုဘီကလည်း ဂရုစိုက်ပါတယ် "

နမ်ဂျွန်းစကားကြောင့် ဂျင့်မျက်နှာ ပျက်ယွင်းသွားခဲ့သည်ကို  နမ်ဂျွန်းကိုယ်တိုင်လည်း သတိထားမိသည်။

" ဂျွန်း ... ဟိုဘီဆိုတဲ့သူက မင်းအပေါ်‌ကောင်းလား "

" ဟိုဘီက ကျွန်တော့်အပေါ်အရမ်းကောင်းတယ်
ချစ်စရာလည်းကောင်းတယ် "

" ငါမင်းအပေါ် ကောင်းပေးခဲ့တာထက် ပိုကောင်းပေးတာလား "

" စီနီယာ!! "

" သူဌေး ကော်ဖီရပီ "

" အင်း ထားခဲ့လိုက် "

ကော်ဖီလာပေးတဲ့ ဆယ်မီဟာ မျက်နှာ အရိပ်အကဲကြည့်ပြီး လျင်မြန်စွာထွက်သွားသည်။

" ဒေါသဖြစ်စရာမလိုပါဘူး ငါက ဒီအတိုင်း မေးကြည့်တာပါ "

" ကော်ဖီသောက်လိုက်ပါအုံး "

" အင်း .. မင်းသူ့ကို ဘယ်လိုတွေ့တာလဲ သူ့ကို တကယ်ချစ်တာလား "

" သူက ကျွန်တော့်အတွက် ကံကောင်းခြင်းလေးလိုပဲ
စီနီယာကောင်းပေးတာထက်လည်း ပိုကောင်းပါတယ်
စီနီယာထက် ပိုမကောင်းလည်း ကျွန်တော်ချစ်တယ် "

𝐖𝐀𝐗 𝐋𝐎𝐕𝐄 {uni+zawgyi}Where stories live. Discover now