တိတ်ဆိတ်နေသော ရုံးခန်းကျယ်ကြီးထဲမှာ နာရီစက္ကန့်လက်တံမှ ထွက်ပေါ်နေသော တစ်တော့တစ်တော့ဟူသော အသံက ပုံမှန်ထက် ကျယ်လောင်နေသည်။
ကုမ္ပဏီရဲ့ အဓိကနေရာဖြစ်တဲ့ စီအီးအို ခုံနေရာမှာ ထိုင်ကာ International Magazine တစ်ခုကို ဖတ်နေသော စီအီးအိုကင်မ်နမ်ဂျွန်းဟာ ကိုရီးယားရဲ့ ထိပ်တန်းလူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သည်။
လေတချွန်ချွန်ဖြင့် Magazine ကို မျက်လုံးဖြင့် ဟိုကစားသည်ကစားလုပ်ရင်းဖတ်နေခြင်းသာဖြစ်သည်။
အသံကျယ်နေသော နာရီကလည်း အတော်လေးပင်နောက်ကျသော ည1နာရီခွဲကို ညွှန်ပြနေပြီဖြစ်သည်။ဒေါက် ... ဒေါက် ... ဒေါက် ...
တံခါးခေါက်သံကြောင့် နမ်ဂျွန်းက စာအုပ်ကို ချက်ချင်းပိတ်လိုက်ပြီး ဝင်လာခဲ့ဟူ၍သာ အသံပြုလိုက်သည်။
" သူဌေး ၊ အဆောက်အအုံတစ်ခုလုံးကို စစ်ပြီးပါပြီ
နောက်ကျနေပီမို့ သူဌေးပြန်ချင်ပြန်လို့ရပါပီ "လုံခြုံရေးဌာနက ခေါင်းဆောင်ဦးလေးကြီး၏ စကားကို အပြုံးတစ်ခုနှင့် နမ်ဂျွန်းတုံ့ပြန်လိုက်သည်။
" အိုခေလေ ၊ ဒါဆို ကျွန်တော်ပြန်တော့မယ်
တာဝန်ကျေလိုက်ပါအုံး "နမ်ဂျွန်းဟာ ဘာလို့ လူငယ်တစ်ယောက်ဖြစ်ပြီး အခုလို ကုမ္ပဏီတစ်ခုကို ဦးဆောင်နိုင်တာလဲဆိုရင် သူ၏ အပြုအမှူများဟာ သက်သေပြနေပါလိမ့်မည်။
" ဒါနဲ့ သူဌေး ၊ ကားမောင်းလို့ဖြစ်ပါ့မလား "
" ကျွန်တော်က ဘာဖြစ်နေလို့လဲ "
" ဟင် ဘာမှမဖြစ်ပါဘူးး "
နမ်ဂျွန်းက ကားကို ကိုယ်တိုင်မောင်းသည်မှာ တော်တော်လေးရှားသည်။
ဘာကြောင့် ကိုယ်တိုင်မမောင်းလဲ မည်သူမှ သိမည်မဟုတ်ပါ။
ကျန်းမာရေးကြောင့်ဟု ထင်ကြေးများဖြင့်သာပြောဆိုကြသည်။
ဒီနေ့မှာ တော်တော်လေးနောက်ကျနေတာမို့ driverကလည်း အလုပ်ဆင်းသွားပြီဖြစ်သည်။
နမ်ဂျွန်းကိုယ်တိုင် ကားမောင်းပြီး အိမ်ပြန်မည်ဖြစ်သည်။
ရုံးခန်းထဲက ထွက်သွားသော နမ်ဂျွန်းရဲ့ ကျောပြင်ကို ကြည့်ပြီး ဂရုဏာစိတ်များဖြင့် ကြည့်ကာ လုံခြုံရေးခေါင်းဆောင်ဦးလေးကြီးကျန်ခဲ့သည်။
အောင်မြင်နေတဲ့ လူငယ်တစ်ယောက်ဖြစ်နေပေမယ့် တစ်ဖက်မှာတော့ အထီးကျန်လွန်းတဲ့ လူငယ်တစ်ယောက်ဖြစ်သည်။
အမေဖြစ်သူ ဆုံးသွားပြီးနောက် အဖေဖြစ်သူက နောက်မိန်းမယူပြီး UKမှာ မိသားစုသက်သက်အခြေချနေလေသည်။
နမ်ဂျွန်းက နောက်မိန်းမယူသွားတဲ့ သူ့အဖေကို လက်မခံနိုင်ကာ ကိုရီးယားမှာပဲနေပြီး တစ်ယောက်ထဲ ကိုယ့်ကိုကိုယ်ထိန်းကျောင်းခဲ့မှာ အလယ်တန်းကျောင်းသားဘဝထဲကပင်ဖြစ်သည်။
ဘယ်လောက်တောင် ချစ်ခြင်းမေတ္တာတွေ လိုအပ်နေလိမ့်မလဲဆိုတာ နမ်ဂျွန်းကို ငယ်ငယ်ထဲက သိကျွမ်းလာတဲ့ လူအချို့လောက်ပဲ သိလောက်မည်။
သာမန်ကြည့်မည်ဆိုရင် နမ်ဂျွန်းဟာ အဖေ့လုပ်ငန်းကို ဆက်လက်ဦးစီးနေတဲ့ လူတိုင်းအားကျရတဲ့သူဌေးသားတစ်ဦးသာဖြစ်သည်။
---
---
ကားတွေရှင်းလင်းပြီး မီးရောင်များထိန်လင်းနေသော ကားလမ်းမကြီးတစ်လျှောက်မှာ နမ်ဂျွန်းရဲ့ ကားအနက်တစ်စီးသာပြေးလွှားနေသည်။
နမ်ဂျွန်းဟာ အချိန်လင့်တဲ့အထိ အလုပ်လုပ်ခဲ့တာမို့ မျက်ရိုးများ တော်တော်လေး ညောင်းညာပြီး ကိုက်ခဲနေသည်။
လက်တစ်ဖက်က စီယာတိုင်ကို ကိုင်ပြီး ကျန်တစ်ဖက်နှင့် မျက်ခုံးတစ်လျှောက်ကို နှိပ်နယ်နေသည်။
ရုတ်တရက် pH. ဝင်လာတာကြောင့် နမ်ဂျွန်း pH screen ကို ကြည့်လိုက်သည်။
" အဖေ " ဟူသော Contact ကြောင့် ကိုက်ခဲနေသောမျက်ခုံးများကို တွန့်ချိုးလိုက်သည်။
နားကြပ်ကိုတပ်ပြီး နမ်ဂျွန်း ဖုန်းကို လက်ခံလိုက်သည်။
YOU ARE READING
𝐖𝐀𝐗 𝐋𝐎𝐕𝐄 {uni+zawgyi}
FanficMain OTP - RAPHOPE (Namseok) & VHOPE (Taeseok) Start : 9.11.2022 End :