အပိုင်း(၅)

74 12 0
                                    

[unicode]

"အင်း...တစ်ညပဲ

မိုးတွေအရမ်းရွာလာလို့

ထီးမပါလာလို့လေ
ထီးငှားလိုက်လည်း လုံးဝမိုးမိမှာ၊လျှပ်စီးတွေလည်းအရမ်းလက်နေတာ

ဪ...ခင်များရယ် Taxiအလွယ်တကူငှားလို့ရတဲ့နေရာမှာနေတာမဟုတ်ဘူးလေ
မောလိုက်တာ ခင်များတစ်ယောက်နဲ့

ဒီတိုင်းခင်နေကြတာပဲကို
ပြောပြထားပြီးသားမဟုတ်ဘူးလား!
တော်ပြီ အဲ့ဒါအသိပေးချင်လို့! ဖုန်းချပြီ"

ရေချိုးခန်းထဲကထွက်လာတော့ မင်ဟို့ရဲ့ဖုန်းပြောသံတွေက တမင်နားထောင်စရာမလိုဘဲအတိုင်းသားကြားနေခဲ့ရတယ်။ဟျွန်ဂျင်းအခန်းထဲကထွက်လာတာကိုမြင်တော့ ခုနကဖုန်းပြောနေသံတွေကိုဟျွန်ဂျင်းလည်းကြားလိုက်မယ်ဆိုတာ မေးစရာမလိုဘဲမင်ဟို့ဘာသာလည်းအတတ်သိနေပါလိမ့်မယ်။မင်ဟို့မျက်နှာက ဟျွန်ဂျင်းကိုမြင်တာတောင်အနေရခက်နေပုံမပေါ်ပါဘူး။

'သူက သိပ်ဟန်ဆောင်ကောင်းတာပဲလေ'

"ခေါက်ဆွဲတော့ရှိတယ် စားမလား
ငါက ညစာကိုသိပ်စားလေ့မရှိတော့ အိမ်မှာခေါက်ဆွဲကလွဲရင်ဘာမှမရှိဘူး"

ပြောရင်းဆိုရင်းမီးဖိုခန်းထဲဝင်သွားတဲ့မင်ဟို့နောက်ကို ဘာမှမပြောဘဲတိတ်တိတ်ကလေးနဲ့သာပဲဟျွန်ဂျင်းလိုက်သွားတော့တယ်။ကြောင်အိမ်ထဲထည့်သိမ်းထားတဲ့ခေါက်ဆွဲထုပ်တွေကိုရှာနေတဲ့မင်ဟို့ကို တိတ်ဆိတ်စွာနဲ့ ထမင်းစားပွဲမှာထိုင်နေရင်း ဟျွန်ဂျင်းကြည့်မိနေပြန်တာပါပဲ။တကယ်က ဟျွန်ဂျင်းအတွေးများနေတာ။တစ်ခါမှမစဉ်းစားကြည့်ဖူးတဲ့အခြေအနေတစ်ခုကို ဟျွန်ဂျင်းရင်ဆိုင်လိုက်ရတာလေ။တကယ်က  တွေးကြည့်ခဲ့ရမှာပေမယ့် ဟျွန်ဂျင်းမေ့နေခဲ့တာ။မင်ဟို့အနားမှာနေရင်း ပျော်ရင်းနဲ့ မင်ဟိုနဲ့နီးကပ်အောင် မင်ဟို့အကြောင်းတွေပိုသိရအောင်ကြိုးစားနေရင်းနဲ့ပဲ ဒီအခြေအနေကိုထည့်တွေးဖို့ ဟျွန်ဂျင်းမေ့သွားခဲ့တာ။

'အီမင်ဟိုမှာ ရည်းစားရှိသလား??'

"အစ်ကိုပြုတ်ပေးမှာလား
ဗိုက်ဆာနေပေမယ့် မိုးမိထားလို့ထင်တယ် ခန္ဓာကိုယ်က အားတောင်သိပ်မရှိတော့ဘူး
ဟား ဟား"

Love RainWhere stories live. Discover now