[Unicode]
အိပ်ရာနိုးတော့ မင်ဟိုမရှိတော့။တစ်ညလုံးရွာထားတဲ့မိုးကတိတ်သွားတော့ ဒီမနက်ခင်းမှာစိုစိုစွတ်စွတ်နဲ့နေရောင်လေးရယ်ရှိနေသေးတယ်။ဟျွန်ဂျင်းအခန်းထဲကထွက်ပြီး မင်ဟို့ကိုလိုက်ရှာတော့ မီးဖိုခန်းထဲမှာတွေ့တယ်။အလုပ်ရှုပ်နေတဲ့မင်ဟို့အနားကိုသွားပြီး အနောက်ကနေသိုင်းဖက်ရင်းမင်ဟို့ရဲ့ပုခုံးပေါ်မှာမျက်နှာအပ်ထားလိုက်တယ်။
"ဘာလို့ နိုးလာတဲ့အချိန်မှာဘေးမှာရှိမနေပေးတာလဲ"
မင်ဟိုကကော်ဖီဖျော်နေတာမို့ ကော်ဖီနံ့သင်းသင်းက ဟျွန်ဂျင်းဆီရောက်လာတယ်။
"အင်း...ကော်ဖီအနံ့က မွှေးနေတာပဲ
ဒါပေမယ့် အစ်ကို့ကိုယ်သင်းနံ့ကပိုမွှေးတာ"မင်ဟိုရဲ့ပုခုံးကိုနမ်းလိုက်ရင်း မင်ဟို့ရဲ့ကိုယ်သင်းနံ့ကိုပါရှူရှိုက်လိုက်တယ်။သူ့ရဲ့အပြုအမူကြောင့် မင်ဟို့ရဲ့ပုခုံးလေးတွန့်သွားပြီး နားတွေအရမ်းရဲလာတာကို ဟျွန်ဂျင်းမြင်နေရတယ်။သူထပ်ပြီး မင်ဟိုမနေတတ်အောင်မလုပ်တော့ဘဲ ခါးကိုဖက်ထားတဲ့လက်ကိုလွှတ်ပေးလိုက်တယ်။ဒီအစ်ကိုက ခါတိုင်းဆိုစွာတေးလန်နေပေမယ့် အခုအရမ်းရှက်နေတော့ သူ့ကိုဘာမှတောင်ပြန်မပြောနိုင်တော့ဘူးလေ။
ဟျွန်ဂျင်းတစ်ယောက်ထဲတိတ်တခိုးရယ်ရင်း..
"ကျွန်တော် ရေသွားချိုးလိုက်အုန်းမယ်
စားမနှင့်ဘဲ စောင့်နေရမယ်နော်၊မြန်မြန်လုပ်ပြီး လာခဲ့မယ်
ပြီးတော့...အရမ်းရှက်နေလည်း ရပါတယ်၊နောက်ဆိုရှက်မနေဘဲ ကျင့်သားရသွားအောင် ကျွန်တော်ကskinshipများများလုပ်ပေးပါ့မယ်"ပြောချင်တာပြောပြီးပြောထွက်လာတာရဲ့အနောက်မှာ "ဟွမ်ဟျွန်ဂျင်း အရှက်ကိုမရှိဘူး"ဆိုတဲ့ မင်ဟို့ရဲ့အော်သံကို ဟျွန်ဂျင်းကြားလိုက်သေးသည်။
*ဟျွန်ဂျင်းရဲ့မင်ဟိုက ရှက်လွန်းရင်အော်တတ်သည်*
ကော်ဖီနှစ်ခွက်ရဲ့ရှေ့မှာစာအုပ်တစ်အုပ်ကိုဖတ်ရင်း ထိုင်စောင့်နေတဲ့သူရဲ့ မျက်နှာချင်းဆိုင်နေရာမှာ ဟျွန်ဂျင်းနေရာယူလိုက်တယ်။ဒီနေ့လည်း မင်ဟို့အင်္ကျီတွေပဲ ထပ်ယူဝတ်ထားလိုက်တယ်။မင်ဟို့ရဲ့အဝတ်ဗီဒိုကို သူပိုင်သွားသလိုပုံစံနဲ့လေ။အီမင်ဟိုပြောတဲ့အတိုင်း ဟျွန်ဂျင်းက တကယ်ကိုအရှက်မရှိတာဖြစ်ရမည်။