စည်း ဆိုတာ နယ်သပ်မျဉ်းလား။
စက်ဝိုင်းပုံ ခေါက်ချိုးညီမှုလား။
အသွင်တူသော်ငြား ကွဲပြားယောင်သန်းတဲ့ အမှောင်ရိပ်ခြမ်းတွေ။
ထောက်ကင်းထွက်ဖို့ရာ ကတ္တီပါစိမ်းလွင်တဲ့ မြက်ခင်းဖွေးဖွေးတွေ များလိုက်ပါဘိ။
ᴘs. ɪʟᴠʏ
ဒေသိယက လက်တင်၊ ဖူးတစ်လှည့် ငုံတစ်ခါ နှုတ်ခမ်းလေးရဲ့ မိန့်မြွက်ကြားမှုတွေက ထည်ဝါဩရှကာနေ။
ဒေစီတွေ သစ်ခက်ပေါ်မှာ မပျော်တော့ရင် မစ္စတာလေး သောက်တတ်တဲ့ မာဂရီတာခွက်ထဲ တဖြုတ်ဖြုတ် ကြွေကာကျရင်း ဝပ်တွား အသက်ပေးကြတာချည်းပင် ဟု ဒဏ္ဍာရီဆန်ဆန် ပုံတွေပြောခဲ့ဖူးသည်။ဆည်းဆာလေ ဖောက်တဲ့ ပင်လယ်ရေလှိုင်း ဘယ် ကြမ်း လို့ မီပါ့။ သူလေး ပေးတဲ့ ကိုယ့် ရင်ထဲက ဟာရီကိန်းဒဏ်ရာတွေကို။
စိန်စီခြယ်တဲ့ ကောင်းကင်ကြီးသာ ဖြစ်ခဲ့ရင် မင်းလေးရဲ့ အညိုရောင်ရပ်ဝန်းလေးတွေက ကိုယ့်ရဲ့ ခါးစိမ့်စိမ့် မြက်ခင်းပြင်တွေကို မူ, ပို ပါတော့မလား။ ဆွယ် လျှင် ပါတိုင်း စိတ်ဝင်စားနိုင်ပါရော့မလား။
အမှတ်တမဲ့တွေကို အမှတ်တရတွေ အဖြစ် အရောင်ဆိုးပြီးချိန် အိန်ဂျယ်တွေရဲ့ ကျူးရင့်သံတွေကို ကြေလိပ်နေတဲ့ ပိုးသားလှိုင်းတွန့်တွေကြားမှာ မင်းလေး ဘယ်နှစ်ခေါက်တောင် သောတ, ဆင်ပြီးပြီလဲ။
လျော့ကြိုးကုန်ယောင် စောင်းခြိမ့်သံက ချစ်ခြင်းမေတ္တာတွေရဲ့ ဥယျာဉ်မှူး။
ဘယ်လိုပန်းမျိုးကို စိုက်ပျိုးမလဲ။ ကိုယ့်ရဲ့ မင်းလေး ရင်ထဲမှာ ဘယ်မျိုးစေ့တွေ ပက်ကျဲခံမလဲ။
ဘဝက အထပ်ထပ် အခါခါ ဆုတ်ဖြဲခံနေရတဲ့ ပတ္တူတဲဖျင်ငယ်။
ချည်ခဲ့တဲ့ ပန်းကြိုးတံတားထက်မှာ ယိုင်နဲ့စရာ အချစ်တွေကို တပွေ့တပိုက်ကြီး ကိုယ် သယ်လာခဲ့မည်။
ပြိုနေတဲ့ သောင်ယံကမ်းစပ်မှာ စည်းတွေကို ဖန်တစ်ရာလဲ ချိုးဖောက်ကြအံ့။
ပျံနှံ့ကူးလူးချင်နေတဲ့ အစိုးမရစိတ်တွေက နှစ်နယ်ခြားမျဉ်းကို အချစ်ရဲ့ ဥပဒေသအရ ပညတ်ပေးထားပါလိမ့်။
ဘယ်နယ်မြေမှာ အခြေချမလဲ။
မေတ္တာနယ်မြေမှာ အခြေချမယ်။ဘယ် အမိန့်တော်အတိုင်း လှုပ်ရှားမလဲ။
နှလုံးသားထု၏ အမိန့်တော်အတိုင်း။ᴘs. ᴇᴛʜᴀɴ ʟᴇᴇ
နှစ်ခြိုက်ရပါသော မွန်းခြယ်ခြင်းတွေက မျက်တစ်ကမ်းအလိုက ကြေးညှိရံ မျက်ဝန်းတွေထက်မှာ အလိုက်တသိ ကျိုးနွံပိပြားသည်။
ခက်နွယ်စိမ်းစိမ်း မြကမ္ဘာတိမ်းတိမ်း နဲ့ ကြယ်စဉ်နှုတ်ခမ်းပါး ခိုနားဆိတ်ပြုပါ လကဗျာ။ဤဘဝဝယ် သံယောဇဉ် အမျှင်တန်း ရှင်ခန်းတော့ ဘယ်ပြတ်နိုင်ပါ့၊ ဖြတ်မယ်နိုးနိုး မကြံရိုးကောင်း နောင် ဘဝဝယ် အထုံပါရမီ ဆက်ရချင်သည်၊ တွယ်ရစ်နှောင်ဖွဲ့ အကြင်သူ့ လက်တစ်ဖက်။
ᴘs. ᴊᴀᴋᴇ sɪᴍ
_________________
_________________A/N; Happy Jaeyun Day ပါ။ Wishing you that your wishes do come true every time you wish for. ကျွန်တော် အစပိုင်းတုန်းကတော့ one shot မလို့ အခုတော့ four, five လောက် shot ဖို့ ဖြစ်သွားတဲ့ အတွက် ဒါကို အရင် ပြီးအောင် တင်ဖြစ်မယ် ထင်ပါတယ်ဗျ။ :)
YOU ARE READING
Fine Heist
FanfictionMission: impossible - jungle fever Please read the tags, thank you. Language: Burmese ©replyethansim Warning: this creation will be interacting more with politics than your typical romance. If you aren't comfortable enough to deal with my rattle, th...