"မစ္စတာလေးလား.. ဟောဒီက ဘဲကြီးကို ရှားဇောင်းသိင်္ဂနိတ်ပန်းတွေ လက်ဆောင်ပေးချင်လို့။"
. . . ACTTWO. . .
ဒေါက် ဒေါက် ဒေါက်။
လေသာဆောင်မှ အတွေးစများသည် တံခါးခေါက်သံကြောင့် လက်ရန်းထက်မှ လေလွင့်ရသည်။
"ဘယ်သူပါလဲ။"
"Hola~... ဟီး.. ဟီး။"
လက်ချောင်းတိုလေးတွေကို စန္ဒရားနှိပ်သလို ရမ်းကာ ပြလာသည့် သူစိမ်းလေး။
"ဘန်ဂျမင် ! Te amo mami ah!"
"The fuck is this?- woah."
အီသန့် နှာခေါင်းဝတွင် ဒေစီရနံ့ ခပ်ပြင်းပြင်းလေးက တစ်ချောင်းလီ၊ နှစ်ချောင်းလီ ထောင်နေသော သူစိမ်းလေး ဆံနွယ်တွေ ဆီမှ မွှေးထုံစွာ ဝင်ရောက်လာသည်။
ဝိုင်ပုလင်းရိုး ကိုင်ထားသော လက်မှ အားမနာ အီသန့်ကိုယ်ကို ယိုင်တိုင်နဲ့တဲ့နှင့် တင်းကြပ်စွာ ပွေ့ဖက်လာ၍။
ဖက်တွယ်မှုကို လက်မောင်းမှ ဆွဲခွာလေ၊ ပိုပြီး ကုပ်ကပ်လာလေ ဖြစ်သောကြောင့် အီသန့်မျက်ဝန်းစိမ်းများက ဝိုင်းစက်ပြီး လေဆာရောင်ခြည်များတောင် ပစ်ခွင်းချင်နေပြီ။
"မစ္စတာ ခင်ဗျား လူမှားနေပြီ။ ကျွန်တော့်နာမည် ဘန်ဂျမင် မဟုတ်ဘူး။"
ဖားပျံအမျိုးကောင်းသားလေး ကိုယ်ကို လက်နှစ်ဖက်နှင့် အီသန် ထိန်းကိုင်ပေး၍ ပြောတော့ ဝိုင်အရှိန်ကြောင့် နီတျာတျာ ဖြစ်နေသည့် သူ့ရဲ့ ပါးလေးနှစ်ဖက်ကို ဖောင်းကာ ရယ်သည်။
YOU ARE READING
Fine Heist
FanfictionMission: impossible - jungle fever Please read the tags, thank you. Language: Burmese ©replyethansim Warning: this creation will be interacting more with politics than your typical romance. If you aren't comfortable enough to deal with my rattle, th...