𝖯𝗈𝗐𝖾𝗋 𝖮𝗏𝖾𝗋 𝖬𝖾

840 72 70
                                    


"လာပြန်ပြီလား ဒီ အီသန် လီ။"


. . . ACTONE. . .

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.












Buenos Aires : Plaza de Mayo : Casa Rosada || 10:30 p.m. (inter-timezone)

ဘွီနိုအဲရီးစ် : မေရိုဗဟိုမြို့တွင်းကွက်လပ် : ကာဆာ ရိုဆာဒါ : နိုင်ငံတကာ စံတော်ချိန် 10 နာရီ မိနစ် 30 ။

ပန်းနုရောင် သမ္မတအိမ်တော်ရာ ညစာစားပွဲ၌။

ညဉ့်ဦးရံတော့မည့် ညအခါသည် ပျိုမျစ်လှပသည်။

မီးဆိုင်းပဒေသာများက အာရေဗျ သဲကန္တာရ၌ ပူခြစ်တောက်လျက် ရှိသည့် နေမင်းအလား ပြိုးပြက် ထိန်လင်းလျက်။

ထို့အောက်ရှိ လူသူရုံးစုသည့် သဘင်အခမ်းအနားသည် အပေါ်စီးမှ ငုံ့မိုးကြည့်လျှင် microscope အောက်က ပိုးမွှားများ တရွရွ ဖြစ်နေသည်နှင့်တောင် တူသည်။

ပထမဆုံးအထပ် ဖြစ်သော်ငြား သမ္မတအိမ်တော်ရာ ဖြစ်သည့်အလျောက် သိသာထင်ရှားစွာ ခမ်းနားကျယ်ပြောလှသည်။

အခန်းတစ်ခန်းထဲမှာပင်လျှင် နှစ်ထပ်ဆင့်သော အပေါ်အောက် ဆက်နွယ်မှုကို လက်ရန်းနှစ်ဖက် ခပ်ကားကားနှင့် လှေကားထစ်များဝင်ဆံ့သည့် ပြန့်ကျယ်ကျယ် လှေကားက ပံပိုးပေးထားသည်။

ဆွေးဖန့်သည့် ကျွန်းသားသစ်ရည် စိမ်သော တံခါးမကြီးနှစ်ချပ်ကို ကျော်ကာဖြတ်နိုင်သူများသည် ဟစ်တလာကို ပြာချနိုင်သူကဲ့သို့ ဝမ်းမြောက်ကြသည်။

တံခါးမတည့်တည့်မှနေ ဝင်လျှင်ဝင်ချင်း နှာဖျားထိပ်များ နီရဲစေသည်အထိ မွှန်တိုက်နေသော ယမကာ့ရင်ပူဆေးများသည် ယဉ်ကျေးမှုအလွှာတန်းစားနှင့် လုံးလုံးမဆိုင် အိမ်တော်ရာ၏ စိတ်ရိုင်းမြေလွှတ်မှုကို ဖော်ကြူးသည်။

Fine Heist Where stories live. Discover now