Part-32(U+Z)

267 17 1
                                    

(Unicode)

"ချမ်း...!"

အနှစ်20 ကျော်လောက်နေမှ ပြန်တွေ့တာကြောင့်
အံ့သြကာ ဝမ်းသာအားရနှုတ်ဆက်လိုက်ပါသော
ဦးအာဏာ။

"မင်း...?"
မှတ်မိသူက မှတ်မိနေပေမဲ့
ဦးငြိမ်းချမ်း အတွေးထဲမှာတော့
အရှေ့မှာ ရပ်နေသူအကြာင်း
ဗလာနတ္တိ။

"ငါလေ အာဏာ မင်းမမှတ်မိတော့ဘူးလား?"
မမှတ်မိသူကို အပြစ်မမြင်ပဲ
မှတ်မိလာအောင်သာ ကြိုးစားနေခဲ့သော
ဦးအာဏာ။

"မှတ်မိသလိုလိုတော့ရှိတယ် ဒါပေမဲ့
မမှတ်မိဘူး"
တွေးသာတွေးနေပေမဲ့ တကယ်
ဘာမှကို မမှတ်မိတော့တာ။

"လာ အရင်ဆုံး ဒီမှာလာထိုင်"
မတ်တပ်ရပ်နေတဲ့ ဦးငြိမ်းချမ်းကို
ဆွဲခေါ်ပြီး ထမင်းစာပွဲမှာ ထိုင်စေခဲ့သော
ဦးအာဏာ။

"မင်း...ထမင်းစားပြီးပြီလား?
အရင်ကတော့ စာပြီးရင်စာပဲ
အခုကော အလုပ်ပြီးအလုပ်လုပ်တုန်းလား?"

"အ..အကို?"
သူတွဲခဲ့သမျှ သူတွေထဲမှာ
သူ့ကို ကလေးတစ်ယောက်လို
ဂရုစိုက်ပေးတဲ့ တစ်ယောက်ထဲသော
ထိုလူက "အကို"ပါ။
လူမြင်တာနဲ့ ရစ်ကျကောက်ကျတဲ့
ex တွေကြားမှာ ကိုအာဏာကတော့
ဂရုစိုက်နိုင်ဆုံးသူပါ။
အခုစကားသံတွေက သူဆိုတာ
သေချာသလောက် ခိုင်လုံနေခဲ့တယ်။

"တော်သေးတာပေါ့
မှတ်မိသွားလို့"

"တွဲခဲ့တဲ့ သူတွေအရမ်းများလို့
ရောကုန်တာပါဗျာ"

"ဟုတ်ပါပြီဗျာ။
အခုတော့ မှတ်မိပြီမဟုတ်လား?"

"အဖေတို့က သိနေကျတာလား?"
ဒေါ်လွှမ်းသီတာကတော့ ဧည့်သည်အတွက်
ကောဖီဖျော်ရန် မီးဖိုခန်းဘက် ထွက်သွားပေမဲ့
ဘာမှန်းမသိ ဘေးနားမှာ ရပ်ပြီး
ဖြစ်သမျှ ကြည့်နေရသော လွှမ်းစီက
လာသောမေးခွန်း။

"မင်းကို အဖေပြောသေးတယ်မဟုတ်လား?
အဖေကို ထားပြီး တစ်ခြားတစ်ယောက်နောက်
ပါသွားတဲ့တစ်ယောက်ဆိုတာ အဲ့ဒါ
ဒီကောင်ပေါ့"

"ဦးငြိမ်းချမ်းက အဖေ့ Ex လား?"

"သူက အဖေ့ ex ဆိုပေမဲ့
သူ့အတွက်တော့ အဖေကex များထဲမှ
တစ်ယောက်ပေါ့"

We meet again in 2045(or)နောက်တစ်ကြိမ်တွေ့ဆုံခြင်း(Completed)Wo Geschichten leben. Entdecke jetzt