Part-27(U+Z)

281 21 1
                                    

(Unicode)

ကို့အချစ်ဟာ ကိုချစ်တဲ့သူ့ကို
ပင်ပန်းစေလာရင် ချစ်ရသူပျော်ရွှင်စေဖို့
ထိုအချစ်ကို လက်လွှတ်ရလိမ့်မယ်။
                               လွှမ်း
.........................................
စိတ်ထဲမှာ အဆင်မပြေသမျှ
အလိုမကျသမျှကို
လွှမ်းအပေါ်ပုံချလိုက်မိတာကြောင့်
အနည်းငယ် စိတ်ပေါ့သယောင်ယောင်ဖြစ်သွားပေမဲ့ လွှမ်းမျက်နှာငယ်လေးနဲ့
ထွက်သွားတာမြင်တော့ ပိုပြီးစိတ်လေး
သွားခဲ့တယ်။
တကယ်လည်းသူကြောင့်အခုလို
စိတ်ပင်ပန်းရတာမို့ လွှမ်းကိုပြောလိုက်သမျှ
မှန်တယ်လို့သာ မှတ်ယူလိုက်တော့သည်။
ဖုန်းဆက်စရာတွေကလည်း ကျန်သေးတယ်
ဗိုက်ကလည်း စာနေပြီမို့
ထမင်းစားရန် မီးဖိုခန်းထဲဝင်သွားတော့
ကျွန်တော့ နားကို တစ်ရွေ့ရွေ့ ရွေ့လာသော
အရိပ်တစ်ခု အနောက်ကိုလှည့်ကြည့်လိုက်တော့
ထိုအရိပ်ပိုင်ရှင်က မင်းအောင်ပါ။

မင်းအောင်မို့ ကိုယ့်ဟာကို ထမင်းထည့်ဖို့
အာရုံစိုက်နေချိန် မျက်နှာအရှည့်ထိုးပေးလာသော
စာရွက်တစ်ရွက်။

"ဘာလည်း ပြီးသွားရင် နောက်တစ်ရွက်
ယူသွားလေ ငါ့မျက်နှာ​ရှေ့လာထိုးပေးတော့
ဘာလုပ်ရမှာလ​ည်း?"

"ဖတ်ကြည့်!"

"အေ ထားထားလိုက် ထမင်းစားပြီးရင်
ဖတ်မယ်"

"အခု ဖတ်ကြည့်လို့ ခင်ဗျားကိုပြောနေတာ
နားမလည်ဘူးလား!"

အရင်က အသံကျယ်ကျယ်တောင်မပြောဖူးတဲ့
မင်းအောင်စီက ကြားလိုက်ရသော
အော်သံကြောင့် လွန်းမောင်ပင်
လန့်သွားခဲ့တယ်။
မင်းအောင် ပေးလာတဲ့စာရွက်ကို
ဖတ်ကြည့်လိုက်တော့
နိုင်ငံများစွာကို ကုန်သွယ်နေသော
ရှိုင်းကုမဏ္ဏီနဲ့အတူ လက်တွဲရန်
ကမ်းလှန်းသော စာရွက်ဖြစ်နေခဲ့တယ်။

"မင်း ဘယ်လိုရလာတာလည်း?"

"လွှမ်း ပေးသွားတာ"

"..."
ဒါပေးဖို့ ပျော်ရွှင်စွာ ပြေးလာသူကို
မောင်းထုတ်မိပြီမို့ စကားပင်မထွက်လာတော့ပါ။

"ရှိုင်း ကုမဏ္ဏီနဲ့သာ စာချုပ်ချုပ်ရရင်
အရင်က ကိုလွန်းမောင်ရှာထားတာထက်
နှစ်ဆလောက် ပိုတိုးလာမယ်ဆိုတာ
ကိုလွန်းမောင် ကျွန်တော်မပြောလည်း
သိမှာပါ။သူတို့ ကုမ္မဏီက စျေးကောင်းပေးဝယ်တဲ့အပြင် စျေးကွက်လည်း ကျယ်ပြန့်တယ်လေ။"

We meet again in 2045(or)နောက်တစ်ကြိမ်တွေ့ဆုံခြင်း(Completed)حيث تعيش القصص. اكتشف الآن