Part-17(U+Z)

367 23 0
                                    

(Unicode)

6.Give them a special gift

No.6 က ကျွန်တော့အတွက်တော့
စဥ်းစားစရာတွေ ဖြစ်လာခဲ့ပြီ။
ကျွန်တော်သိတဲ့ ကိုလွန်းမောင်
ကြိုက်တာ အကုန်လုပ်ပြီးပြီမို့
ဘာလုပ်ရမလည်း မသိဖြစ်နေခဲ့တယ်။
ကိုလွန်းမောင်ကို ကျွန်တော့ထက်
နားလည်ပေးတဲ့ မင်းအောင်ကို
ဖုန်းဆက်မေးဖို့ ဖုန်းခေါ်လိုက်ပင်မဲ့
မင်းအောင် ဖုန်းကလည်း မအားတာကြောင့်
မနက်ကျရင် တွေ့ရအောင်လို့ မင်းအောင်ကို
message သာ ပို့ပြီး စဥ်းစားမရ
ရှုပ်နေတဲ့စိတ်ကို မနက်ကျရင် အဆင်ပြေသွားမှာပါလို့ အားပေးရင်း အိပ်ဖြစ်ခဲ့သည်။
..............................
မနေ့ညက အကိုနဲ့ဖုန်းပြောနေတာ
12 ကျော်သွားတာမို့ ဖုန်းပိတ်ပြီးအိပ်လိုက်တာ
မနက်မှပဲ လွှမ်းပို့ထားတယ် စာတွေ့တော့တယ်။
မနေ့က ဗရုတ်ကြောင့် အကြွေးတောင်းတဲ့အလုပ်လည်း မပြီးသေးတာမို့ အကြွေးတွေလိုက်တောင်းပြီး နေ့လည်လောက်ရောက်တော့ လွှမ်းအိမ်ကိုသာ သွားလိုက်တော့သည်။
ကျွန်တော် လွှမ်းအိမ်ရောက်တော့ သူ့အမေကိုပဲ
တွေ့ပြီး အမေက လွှမ်းအခန်းထဲမှာဆို၍
လွှမ်းအခန်းဘက် လာလိုက်ရာ
အခန်းတံခါးက ပွင့်လျက်
တစ်ခန်းလုံးလည်း စာအုပ်တွေ
စာရွက်တွေ ဖုန်းကော laptop ကော
ပြန့်ကျဲနေခဲ့ပြီး အဲ့ဒါတွေရဲ့ အလယ်မှာ
ဘောပင်ကို နားရွက်အပေါ်မှာ ထိုးပြီး
အခုခုကို အသဲအသန်ရှာနေသော လွှမ်း။

"လွှမ်းးးဘာတွေရှာနေတာလည်း?"

"အာ...လာပြီလား မင်းအောင်
မင်းကိုမျော်နေတာ"

ကျွန်တော့ကိုမြင်တော့ ဆယ်နှစ်လောက်
မမြင်ရတဲ့ သူငယ်ချင်းကို အခုမှမြင်ရတဲ့အတိုင်း
ပျော်ပြီး လာဖတ်သော လွှမ်းကြောင့်
ကြောင်အမ်းအမ်းဖြစ်နေမိတာ အမှန်ပင်။

"ဒါတွေက ဘာတွေလည်း
အခုမင်း ဘာလုပ်နေတာလည်း?"

"အဲ့ဒါကကွာ ဒီမှာကြည့်"

ဒီမှာကြည့်ဆိုပြီး လွှမ်းညွန်ပြရာကြည့်လိုက်တော့
A4 စာရွက်အဖြူထဲမှာ ခေါင်းစဥ်မရှိပဲ
အမှတ်စဥ်တွေနဲ့သာ တည်ရှိနေသော
အချက်(10)ချက်။

"ကိုလွန်းမောင် စိတ်ဆိုးတာကို
ချော့မလို့ နည်းလမ်းကို Goggle ကနေ
ရှာထားတာကွာ အရှေ့(5)ချက်က
အဆင်ပြေသွားပင်မဲ့ ဒီနံပတ်(6)ကြီးက
ဘယ်လို လုပ်ရမလည်း မသိတော့ဘူး။
(5)ချက်အထိ လုပ်လိုက်ပြီးမှ
တစ်ဝက်ရောက်မှလည်း ပြန်မလှည့်ချင်ဘူး
ငါ့ကို ကူစဥ်းစားပေးအုန်း ဘာပေးရမလည်းလို့"

We meet again in 2045(or)နောက်တစ်ကြိမ်တွေ့ဆုံခြင်း(Completed)حيث تعيش القصص. اكتشف الآن