"Sunoo!"
"Sunoo.."
"စောင့်ပါအုန်း Sunoo ရယ်..ကျွန်တော်မေးတာလေး ဖြေပေးပါအုန်း။"
"ကျွန်တော့်မှာ အချိန်မရှိဘူး။"
မျက်နှာကို တင်းမာထားသည့် ချစ်စရာ Sunoo မှာ ကျောင်းတွင် အမုန်းအခံရဆုံးလူဖြစ်ပြီး စာတော်သည့် ကျောင်းသားများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။ ထို့ပြင် သူ့အဖေကလည်း လွတ်တော်အမတ်ဖြစ်သည့်အတွက် တော်တော်များက မုန်းတီးကြသည်။ နောက်.. သူ့မှာ..နှလုံးရောဂါလည်း ရှိသတဲ့။
Sunoo သည် နေ့တိုင်းလိုလို 'အဲ့ Kim Sunoo က သူ့အဖေက လွတ်တော်အမတ်မလို့ မာန်တက်နေတာ။'
'သူက အမြဲ အဆင့်(၁) ရတာက သူ့အဖေ လွတ်တော်အမတ်မလို့ ကျောင်းက မျက်နှာလိုက်ပြီးပေးတာ။' 'ရုပ်ကလေးက ချစ်စရာကောင်းသလောက် အကျင့်စာရိတ္တက မကောင်းဘူး။' 'သူ့နှလုံးရောဂါနဲ့ မြန်မြန်သေသွားရင် ကောင်းမယ်။ ငါတော်တော် အမြင်ကပ်နေပြီ။' 'ဒီလိုပုံစံနဲ့ နှလုံးအလှူရှင် ဘယ်တော့မှ ပေါ်လာမှာမဟုတ်ဘူး။' ဟူသည့် စကားတို့ကို ကြားရလေ၏။ဟုတ်ပါသည်။ တကယ်လည်း အဲ့လိုပုံစံဖြစ်နေတာပဲ။
လူက ပုစိလေးနဲ့ကို မျက်နှာက အမြဲ ခပ်တည်တည်။
ကျွန်တော့်ကိုလည်း ပြောကြပါသည်။
'Park Sunghoon မိုက်ကန်းတာပဲ။ အဲ့ အကျင့်မကောင်းတဲ့ကောင်နဲ့ သူငယ်ချင်း ဖြစ်ချင်ရတယ်လို့။' 'ဒီကောင်က မိမရှိ ဖမရှိနဲ့။ သူနဲ့ မပေါင်းကြနဲ့။'ကျွန်တော် Sunoo ကို ယုံကြည်သည်။
Sunoo က လူကောင်းလေး ဖြစ်နိုင်တာပဲ။ မပေါင်းကြည့်ပဲ သူ့တကယ့်ပုံစံကို ဘယ်သူက ခန့်မှန်းနိုင်မှာလဲ။
ကိုယ်ချင်းစာတယ်လေ...Sunoo ငိုသည်ကို သူတစ်ယောက်သာ မြင်ဖူး၏။
ထို့ကြောင့်ပင် အပြင်မှာ ဘယ်လောက်ပဲ မျက်နှာမာမာနဲ့ နေနေပါစေ အတွင်းထဲမှာတော့ နာကျင်မှု၊ ဝမ်းနည်းမှုတို့ ရှိနေသည်ဟု မှတ်ယူထားခြင်းပင်။"ခဏလေးပါပဲ။"
"ဘာလဲ။"
"ကျွန်တော်နဲ့ မခင်ချင်ဘူးလား။"
YOU ARE READING
So, Now I'm Alone | Sunsun |