"အန်တီရေ..သားပြန်တော့မယ်။"
"ဘာလို့လဲ သားရဲ့။ အစောကြီး ရှိသေးတာကို။"
"ကျွန်တော်..ညကျ Crush လေးနဲ့ ဖုန်းပြောဖို့ ချိန်းထားလို့..ဟီး"
"ဟားဟား..ရပါတယ်...မနက်ဖြန် နောက်မကျစေနဲ့နော်..
နိုင်ငံခြား ဧည့်သည် အဖွဲ့လိုက် လာဖို့ရှိတယ်..""ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။ လာခဲ့ပါမယ်။"
"အဆင်ပြေပါစေနော်။"
"ဟီး..ဟုတ်..ကျေးဇူးပါဗျ။"
"တစ်ခါတည်း ရည်းစားဖြစ်အောင် လုပ်ခဲ့။""ဟဟ..ဟုတ်ကဲ့ပါဗျ။"
......
"Hello Sunoo"
"အော်..Sunghoon"
"အဟမ်း...ဟို..စားပြီးပြီလား။'
"အင်း...Sumghoon ရော်? စားပြီးပြီလား။"
"အင်း..စားပြီးပြီ။ Sunoo ရော ဘာစားလဲ။"
"အမဲသားကင်ရယ်..Kimbab ရယ် စားတာ။ Sunghoon လည်း ဘာစားလဲ။"
"ကျွန်တော်က..ကြက်ဥပြုတ်။"
"ဟင်..ညကျရင် ဗိုက်မဆာဘူးလား။"
"ရပါတယ်ဗျ။ ကျွန်တော် နေသားကျနေပါပြီ။"
"နောက်ကျရင် အဲ့လို မစားရဘူးနော်..အစာအိမ်ရောဂါ ရလိမ့်မယ်။"
"ဟုတ်ကဲ့ပါဗျ။ Sunoo အခု ဘာလုပ်နေလဲ။"
"ကျွန်တော် Sunghoon နဲ့ ဖုန်းပြောနေတာလေ.."
"မဟုတ်ဘူးလေ..ကျွန်တော်နဲ့ ဖုန်းမပြောခင် ဘာလုပ်လဲ မေးတာ။"
"အင်း..ညစာစားတယ် ပြီးတော့ ဇာတ်ကားကြည့်တယ်။"
"Sunoo အိပ်ချင်နေပြီလား။"
"ရပါတယ်..မအိပ်ချင်သေးပါဘူး။ ဒါနဲ့ စကားမစပ် Sunghoon မွေးနေ့က ဘယ်နေ့လဲ။"
"ကျွန်တော်မွေးတဲ့နေကလား...ကျွန်တော်မွေးတဲ့နေ့က နှင်းတွေကျနေတာလေ.."
"မွေးနေ့အမှန်ကို မသိဘူးပေါ့။"
"အင်း..အဲ့လိုပေါ့..ဒါပေမယ့် အမေတို့ မှတ်ခဲ့တဲ့ Note လေး ရှိတယ်ပြောတာပဲ။"
YOU ARE READING
So, Now I'm Alone | Sunsun |