Part - 4 (Final) U/Z

570 50 14
                                    

ဘာလိုလိုနဲ့ တစ်နှစ်ပြည့်​တော့မယ်...
မနက်ဖြန်ကျရင် Sunghoon ​မွေး​နေ့​လေ..
Sunghoon က အလုပ်ကိစ္စနဲ့ ခရီးသွားတယ်ဆိုပြီး ပြန်မလာ​သေးပါ...
အရင်းနှီးဆုံးလူ၊ အခင်ရဆုံးလူ၊ အချစ်ဆုံးလူက လိမ်ညာတာ ခံလိုက်ရတာဟာ ​အနာကျင်ဆုံးအရာတစ်ခုလို့ ထင်တယ်​။
သူပြန်လာမှာလား။ မပြန်လာဘူးလား မ​​သေချာတာ​တောင် ​စောင့်​နေမိတုန်းပဲ။ Sunghoon အိမ်ကိုလည်း သွားကြည့်ဖြစ်တယ်။ ဘယ်သူမှ မရှိဘူး။
မနက်ဖြန်ကျရင်လည်း Sunghoon အိမ်​ရှေ့က ​ညောင်​ပင်​​လေးအောက် သွားထိုင် ​မျှော်ရ​ပေအုန်းမယ်။
သူပြန်လာရင် ဖွင့်​ပြောဖို့ အဆင်သင့်ပါပဲ။
...

Sunghoon အိမ်​ရှေ့က ​ညောင်ပင်ကြီး​အောက်မှာ
Sunghoon သူ့​မွေး​နေ့မို့ ပြန်လာလို ပြန်လာညား လာထိုင်​​စောင့်​နေတာ အခုဆို နေ​တောင်ဝင်​တော့မယ်။
အရင်​နေ့ ​ကျောင်းဆင်းတဲ့အခါကျရင် လာထိုင်​စောင့်​နေတတ်​ပေမယ့် ဒီ​​နေ့က​​​တော့ ​မျှော်လင့်ချက် ပိုကြီးတယ်။

ည​နေခင်း​တွေမှာ Sunghoon ​ကျွေးတဲ့ Mint Choco ​လေးစားရင်း Sunghoon ရဲ့ စက်ဘီးအစုတ်​​လေးနောက် လိုက်စီးရမယ့်အစား Sunghoon ကိုပဲ ​မျှော်​​နေရတယ်။ ​ပျော်ရွှင်နေရမယ့်အစား ဝမ်းနည်း​နေရတယ်။ ​တောင့်တ​နေရတယ်။ ​မျှော်လင့်​နေရတယ်။

"အမ်...Kim Sunoo လား မသိဘူး။"

"ဟုတ်တယ်ဗျ။"

"​ကျွန်​တော်က Jake ပါ...Sunghoon ရဲ့ သူငယ်ချင်း​ပေါ့..
ဒါ​လေးကို Sunghoon ​ပေးခိုင်းလိုက်လို့ပါ။"

လက်​ဆောင် ပစ္စည်း​လေးနဲ့အတူ စာ​လေး တစ်​​စောင်..
Sunghoon ဆီက လာတဲ့ လက်​ဆောင်ဖြစ်မယ်​။
​တော်ပါ​သေးရဲ့ ...ပြန်ဆက်သွယ်လာလို့..
Sunghoon ရယ်...
ဖုန်း​ခေါ်လည်းရတာကို ဘာကိစ္စ​ကြောင့် စာကြီးနဲ့ ​ရေးပို့တာလဲ မသိဘူး။

"ကျွန်​တော် သွား​​တော့မယ်​နော်..."

နှုတ်ဆက်စကားဆိုတဲ့ Jake ရဲ့ အသံက တုန်တုန်လှုပ်လှုပ်။
အမြင်မှားတာလား​​တော့ မသိ​ပေမယ့် သူ ငို​နေတာ။
ထားပါ​တော့..သူ့ကိစ္စနဲ့ သူရှိမှာ​ပါ​လေ...

လက်​ဆောင်ကို မဖွင့်ခင် စာ​လေးကို အရင်ဖွင့်ဖတ်ကြည့်လိုက်​တော့ ထို စာရွက်​လေးမှာ ​ရေးထားတဲ့ စာ​တွေက Sunoo ကို တုန်လှုပ်​စေတယ်။

So, Now I'm Alone | Sunsun |Where stories live. Discover now