အပိုင်း(၂၄)part-1

1.7K 158 0
                                    


Unicode

နောက်တစ်နေ့

ကျန်းရှီမှာ ဧကရာဇ်အား ကလေးမွေးထားတဲ့ကြင်ယာတော်တွေဆီသွားလည်ဖို့ အတင်းဆွဲခေါ်လာလိုက်သည်...

ဖုန်းချီကလည်း အသာတကြည်ပင်လိုက်လာ၏... ဘာလို့လဲဆိုတော့ သူ မလိုက်ရင် ညစာငတ်သွားမယ့်အပြင် သူ့ဇနီးလေးက တစ်နေကုန် ဆူပုတ်နေလိမ့်မယ်... ထို့ကြောင့် ဖုန်းချီမှာ ရွေးစရာမရှိတော့ဘဲ ကြင်ယာတော်တွေနဲ့ ကလေးတွေဆီကို ဧကရီလေးနဲ့အတူ လိုက်လာရတော့သည်...

ထို့ကြောင့်  ဧကရာဇ်လာလည်မယ့်အကြောင်း မီးဖွားထားတဲ့ကြင်ယာတော်တွေကို သတင်းပို့လိုက်၏... 

ပုံမှန်ဆိုရင် ကျန်းရှီက တစ်ယောက်တည်းလာလို့ရပေမယ့် အစ်ကိုလော့က သူ့ကိုပြောသည်... ရွှယ်လင်းက ဧကရာဇ် သူမဆီမလာတဲ့အပြင် ကြင်ယာတော်ကျားမေ့ရုံရဲ့ ကလေးကိုသာလက်ခံကြောင်း  မယ်တော်ကြီးဆီ တိုင်တန်းတာကို အစေခံတွေကတစ်ဆင့်ကြားတယ်ဟု ပြော၏...  ဒါကြောင့်ပဲ ကျန်းရှီက ဧကရာဇ်အား သူနဲ့အတူလိုက်ရန် မရမကခေါ်နေခြင်းဖြစ်သည်..

ကြင်ယာတော်ရွှယ်လင်းရဲ့ နန်းဆောင်ကို သူတို့ရောက်တော့ ရွှယ်လင်းနဲ့ အစေခံတွေက ကြိုဆိုကြ၏...

ရွယ်လင်းမှာ ဧကရာဇ်က တစ်ယောက်တည်းမလာဘဲ ဧကရီနဲ့လာတာကိုမုန်းပေမဲ့ အပြုံးတုတစ်ခုပန်ဆင်ထားရင်း ကလေးအား ဧကရာဇ်ကို ပေးလိုက်သည်...

ဧကရာဇ်မှာ ဘဝတစ်လျှောက်လုံးတွင် တစ်ခါမှ ကလေးမချီဖူးပေ... ဒါကပထမဆုံးအကြိမ်ဖြစ်သည်... ကလေးက အရမ်းသေးတာကြောင့် ခေါင်းကစကိုင်ရမလား ခြေထောက်ကစကိုင်ရမလားတောင် မသိပေ....ကလေးလေးက အရမ်းနူးညံ့တာကြောင့် ဘာလုပ်ရမယ်မှန်းမသိတော့ချေ...

ကြင်ယာတော်ရွှယ်လင်းမှာ ဧကရာဇ်ရဲ့ရင်ခွင်ထဲသို့ ကလေးအား သေချာနေရာချပေးပြီးနောက် ပြုံးကာပြောလိုက်သည်...

"ဧကရာဇ်.... ဒါက အရှင်နဲ့ ကျွန်တော်မျိုးမရဲ့ သားတော်လေးပါ... သူ့ကို နာမည်ပေးတော်မူပါ အရှင်... သားလေးကို နာမည်ပေးဖို့အတွက် ကျွန်တော်မျိုးမ အရှင့်ကိုစောင့်မျှော်နေတာ တစ်လကျော်ကြာပါပြီ"

မှိုဧကရာဇ် နှင့် သူ၏ဧကရီစစ်သူကြီး(Mm translation)Donde viven las historias. Descúbrelo ahora