အပိုင်း(၂၁)part-2

1.7K 169 1
                                    

Unicode

"ကျန်းရှီ! မင်း....မင်းဘာကိုဆိုလိုတာလဲ!"

".................."

ဖုန်းချီမှာ အလွန်ရှော့ရသွား၏... စွပ်စွဲထားတာတွေက အမှန်ဆိုတာ သူ မယုံနိုင်ပေ... သူများပြောတာမဟုတ်ဘဲ ကျန်းရှီနှုတ်က တိုက်ရိုက်ပြောလာတာတောင် သူမယုံကြည်နိုင်သေးပေ...

"မင်းနားလေးနေလား... ကိုယ်မင်းကိုမေးနေတယ်လေ"

ကျန်းရှီကို ရှင်းပြဖို့အခွင့်အရေးမပေးဘဲ ဖုန်းချီဒေါသမထွက်ချင်ပေ... ဒီတစ်ကြိမ်တော့ ပိုရင့်ကျက်လာပြီး နောက်မှ သူ့အပြုအမူတွေအတွက် နောင်တမရစေဖို့ ကျန်းရှီကို ရှင်းပြခွင့်ပေးလိုက်လေသည်... 

"အရှင်... ကျွန်တော် အရှည်ကြီးရှင်းပြရမှာမလို့ ကျေးဇူးပြုပြီး စိတ်ရှည်ပေးပါ... ကျွန်တော်ငါးနှစ်သားအရွယ်လောက် ဝူယွဲ့လန်က ကျွန်တော်တို့နိုင်ငံကိုသိမ်းတဲ့အချိန်တုန်းက ကျွန်တော့်မိဘနှစ်ပါးလုံး အသတ်ခံလိုက်ရတယ်... တစ်မိသားစုလုံး ကျွန်တော်တစ်ယောက်ပဲ အသက်ရှင်ခဲ့တာ... ငတ်ပြတ်နေတဲ့ကျွန်တော်ကို သခင်ကြီး လမ်းကြားထဲမှာရှာတွေ့တုန်းက ကျွန်တော်ကလေးသာသာပဲရှိသေးတယ်... ကျွန်တော့်ကို သခင်ကြီးက သူ့လက်အောက်မှာထားပြီး ပြုစုပေးတယ်... သိုင်းပညာသင်ပေးတယ်... ကျွန်တော် ဝူယွဲ့လန်ကိုမုန်းတယ်... ကျွန်တော့်မိသားစုကိုသတ်သွားတဲ့လူတွေကိုမုန်းရင်း ကျွန်တော့်တစ်ဘဝလုံးရှင်သန်နေတာ... အဲ့ဒါကြောင့်...အဲ့ဒါကြောင့် ကျွန်တော် ဆယ့်ငါးနှစ်သားရောက်တော့ သခင်ကြီးရဲ့အကူအညီနဲ့ စစ်တပ်ထဲဝင်ပြီး လက်စားချေဖို့လုပ်ခဲ့တာ... ဒါပေမဲ့ အရှင် ကျွန်တော့်ဘဝထဲကိုဝင်လာပြီးတော့ အရာအားလုံးမတည်မငြိမ်ဖြစ်သွားတယ်... မယ်တော်ကြီးက ရှားမော့ကိုသိမ်းဖို့ စစ်တပ်စေလွှတ်ခဲ့တာကြောင့် သူမကိုသတ်ဖို့ သူမနဲ့အနီးဆုံးကို ရောက်ချင်တာ... အဲ့တုန်းက သူမကဧကရီဆိုပေမဲ့ အရင်မင်းကြီးကိုထိန်းချုပ်ထားတာကြောင့် သူက သူမ လိုချင်တဲ့အတိုင်းလုပ်ခဲ့ရတာ... ဒီစစ်ပွဲကြောင့် ကျွန်တော့်မိသားစုတင်မဟုတ်ဘဲ သူမ ကို ပုန်ကန်တဲ့မိသားစုတွေအားလုံး သုတ်သင်ခံခဲ့ရတယ်... အဲ့တာကြောင့် လက်စားချေဖို့အတွက် နန်းတော်ထဲကို ဝင်ခဲ့တာ... ဒါပေမဲ့ အရှင်က အမြဲ ကျွန်တော့်နားကပ်နေတာမလို့ သူမ ကို သတ်ဖို့အခွင့်အရေးမရခဲ့ဘူး... အရှင် နန်းတက်ပြီးတော့လည်း ကျွန်တော့်နိုင်ငံကလူတွေကို သတ်ဖို့အမိန့်ပေးခဲ့တာ.. ဖူယောင်ရွာကလူတွေက ဆေးကုသဖို့အတွက် တင်ပြပေမဲ့ သူမက စစ်တပ်လွှတ်ခဲ့တာကြောင့် ရွာထဲက အမျိုးသမီးတွေရော ကလေးတွေပါ သေကြေခဲ့တယ်... အဲ့ဒါက အရှင်ပထမဆုံး အမိန့်ချတဲ့လျှောက်တင်လွှာလေ.. အရှင်မှတ်မိသေးလား... အဲ့တုန်းက ကျွန်တော် အရမ်းစိတ်ဆိုးခဲ့တာလေ... အဲ့တာကြောင့် နောက်ပိုင်း ကျွန်တော်အရှင့်ကို ရေးတတ်ဖတ်တတ်အောင်သင်ကြားခိုင်းတာ... ကုန်သည်ချောင်တိုက်ခိုက်ခံရတဲ့ကိစ္စကိုတော့ ကျွန်တော်ဝန်ခံပါတယ်... သခင်ကြီးကို ကျွန်တော်သတင်းပေးခဲ့တာ...ဒါပေမဲ့ အဲ့ဒီ့ငွေတွေကို ဖူယောက်ရွာကိုပြန်တည်ဆောက်ဖို့နဲ့ သူတို့အိုးအိမ်တွေကိုပြန်တည်ဆောက်ဖို့သုံးခဲ့တာပါ... လူချမ်းသာတွေဆီက ဓားပြတိုက်ခဲ့တဲ့ငွေတွေအားလုံးကိုလည်း မရှိဆင်းရဲသားတွေအတွက်ပဲ သုံးတာပါ... ကျွန်တော်တို့ကိုယ်ကျိုအတွက် လုံးဝမသုံးပါဘူး... ပြီးတော့ ဇန်ကျုံးဘုရင် ကိစ္စမှာကျတော့ အရှင်သူ့ကိုနန်းချဖို့ အမိန့်ချပြီးတဲ့အချိန်မှာ ကျွန်တော် ညီလာခံခန်းမထဲကထွက်တော့ မယ်တော်ကြီးနဲ့ သာသနာရေးအမတ်တို့ ဇန်ကျုံးဘုရင်ကို အကွက်ချလုပ်ကြံမယ့်အကြောင်း ကြားခဲ့တယ်... အပြစ်ကင်းတဲ့ဘုရင်က ထောင်ထဲမှာသေရတော့မှာကို ကျွန်တော်ကောင်းကောင်းသိတယ် ... သူက အပြစ်ကင်းတယ်... လျှို့ဝှက်အဖွဲ့အစည်းလည်း မရှိဘူး... ဘယ်ဘုရင်က ဝူယွဲ့လန်ကို ဆန့်ကျင်ပြီး စစ်တပ်ဖွဲ့စည်းရဲမှာလဲ... ဒါတွေအကုန်လုံးက ဇန်ကျုံးနိုင်ငံက ဆားဈေးကွက်ကို ချုပ်ကိုင်ချင်လို့ မယ်တော်ကြီး ကြံစည်ထားတာတွေပဲ... အဲ့ဒါကြောင့် ဇန်ကျုံးဘုရင်ကို ကယ်လို့ရအောင် ကျွန်တော် သခင်ကြီးကို သတင်းပေးခဲ့တာ... ကျွန်တော် အရှင့်လက်ကို သွေးမစွန်းစေချင်ဘူး... အဲ့တုန်းက အရှင်ကျွန်တော့်ကိုစိတ်ဆိုးနေတာကြောင့် နှစ်ခါပြန်မတွေးဘဲ အမိန့်ချလိုက်တာလေ... ဒီသတင်းတွေအားလုံးကို အစ်ကိုလော့ကနေတဆင့် သခင်ကြီးကို သတင်းပေးခဲ့တာ... အဲ့တာကြောင့် အရှင် ကျွန်တော့်ကို သံသယမဖြစ်တာပေါ့... ပြီးတော့ နောက်ဆုံးအနေနဲ့ ကြင်ယာတော်ယင် ကိုယ်ဝန်ပျက်ကျတဲ့ကိစ္စမှာ  အရှင်... ကျွန်တော် မမွေးရသေးတဲ့ကလေးတစ်ယောက်ကို အထူးသဖြင့် အရှင့်ရဲ့သွေးသားကို နာကျင်အောင်မလုပ်ပါဘူး... ဒီဘဝမှာ ကျွန်တော့်အတွက်တော့ အရှင့်ရဲ့သွေးသားကို ထိခိုက်အောင်လုပ်စရာအကြောင်း လုံးဝမရှိဘူး... အဲ့လိုလုပ်လို့ရော ကျွန်တော်ဘာရမှာလဲ... ဟုတ်ပါတယ်... ကျွန်တော် လက်စားချေဖို့အတွက် ဒီနန်းတော်ထဲကိုရောက်လာတာဆိုပေမဲ့ သူမက အရှင့်ရဲ့အမေဖြစ်နေတုန်းမလို့ ကျွန်တော်မလုပ်နိုင်တော့ဘူး... ကျွန်တော့်မှာ သူမကို လုပ်ကြံဖို့ အခွင့်အရေးအများကြီးရှိပေမဲ့ ကိုယ့်ခင်ပွန်းရဲ့အမေကို သတ်ဖို့နှလုံးသား ကျွန်တော့်မှာမရှိဘူး... ကျွန်တော် သူမကိုလုပ်ကြံဖို့ လုံးဝလက်လွှတ်လိုက်ပြီး သတင်းတွေကိုပဲ ပေးနေခဲ့တာပါ... အရှင်... ကျွန်တော့်ရဲ့သေသွားတဲ့ မိဘတွေနဲ့ အရှင့်အပေါ်ထားတဲ့ ကျွန်တော့်ရဲ့အချစ်အပေါ်မှာတိုင်တည်ပြီး ကြင်ယာတော်ယင်ကို လုံးဝအဆိပ်မခတ်ခဲ့ပါဘူးလို့ ကျိန်ဆိုတယ်... ကျွန်တော့်ကို ယုံပေးပါ... အရှင့်ကို ဖုံးကွယ်ထားတာတွေ မရှိတော့ပါဘူး... အခုတော့ ကျွန်တော်သေဒဏ်ပေးခံရရင်တောင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျွန်တော့မိဘတွေကို သွားတွေ့နိုင်တော့မှာ"

မှိုဧကရာဇ် နှင့် သူ၏ဧကရီစစ်သူကြီး(Mm translation)Hikayelerin yaşadığı yer. Şimdi keşfedin