" မင်းဘယ်လိုလုပ်လိုက်တာလဲ
Park Jimin !! "" ကျွန်တော်မသိဘူး "
တစ်ချက်တစ်ချက်ထွက်ပေါ်လာသောအသံများသည်ဟိန်းကနဲ။ဒေါသသည်အဆမတန်ထွက်နေမည်ပုံစံ။အခြားအရာများကပုံမှန်ဟုဆိုနိုင်သော်လည်းဤအခန်းအတွင်းရှိ
လူနှစ်ဦးဟာပုံမှန်တော့ဖြစ်မနေ။အဝတ်အစားများကအောက်သို့ပြန့်ကျဲနေကာသူတို့နှစ်ဦး၏ပုံစံကအတော့်ကိုဖရိုဖရဲကျနေသည်။အခြေအနေကတော့အမှားမှားအယွင်းယွင်း။
" မင်းလုပ်ခဲ့တာမင်းမသိဘူးပေါ့ဟုတ်လား
ထူးဆန်းလိုက်တာ "" တောင်းပန်ပါတယ်အစ်ကို ကျွန်တော်တောင်းပန်ပါတယ် "
" ပြောစမ်း! ငါတို့ဘာမှမဖြစ်ခဲ့ကြဘူးမလား "
" ကျွန်တော်တို့ပုံစံကိုဘဲကြည့်လေ
အစ်ကိုဘာမှမမှတ်မိဘူးလား "ပြည်လည်ကာကြားချင်လာသောစကားသည်ဤသို့မျိုးစကားတွေJeonကလိုချင်ခဲ့တာမဟုတ်။တဖန်ညကဖြစ်ခဲ့တဲ့အမှားမှားအယွင်းအခြေအနေတွေကိုလဲJeonကလက်မခံချင်။အချစ်မပါတဲ့အိမ်ထောင်ရေးကိုလဲ
Jeonကလုံးဝသဘောမတူ။အဆိုးဆုံးအခြေအနေတွေက
ယောကျာ်းတစ်ယောက်ကယောကျာ်းတစ်ယောက်ကိုလက်ထပ်ခြင်းတွင်Jeon ကအကြိမ်ကြိမ်ခေါင်းခါမိသည်။Jeonသည်မှားယွင်းခဲ့ပါသည်။
" ဆေးခတ်ခဲ့တာမလား "
" ဟုတ်တယ် ကျွန်တော်ဆေးခတ်လိုက်တာ "
ဖြောင်းး!!
Jeonသည်ပါးပြင်နုနုအားရက်ရက်စက်စက်ပင်ရိုက်ချလိုက်သည်။Jeonရဲ့သည်းခံနိုင်မှုတွေကုန်ပြီလေ။ဒေါသအလွန်ထွက်နေလျက်
ရှေ့ကလူအားတစ်ခုခုလုပ်ချင်စိတ်ကိုထိန်းချုပ်နေပုံရသည်။ရှေ့ကလူကအကြောမာစွာလုံးဝမငိုခဲ့။လည်ထွက်သွားသောမျက်နှာသည်နောက်သို့
အရှိန်မထိန်းနိုင်စွာခြေလှမ်းအနည်းငယ်ယိုင်မိလျက်။ပါးပြင်သည်နီနီရဲရဲ။လုပ်ရက်သည်ဆိုသည့်စိတ်အားငယ်ရုံကလွဲလို့မျက်ရည်ဝဲခဲ့သည်ကလွဲပြီးJiminလုံးဝမငိုခဲ့။
YOU ARE READING
ကိုကို 💔 (အစ်ကို)
FanfictionOctober တွေကမလှတော့ပင်မဲ့ September တွေကတော့လှမှဖြစ်မှာလေ။