Jeon သည်ယောကျာ်းလေးချင်း
လက်ထပ်ရမည်ကိုထူးဆန်းနေကာ
သိပ်တော့လက်မခံချင်။Jeonကအချစ်မှာ
ယောကျာ်းလေးနဲ့မိန်းကလေးလက်ထပ်မှ
အချစ်လို့ထင်နေသည့်ပုံ။
ယောကျာ်းလေးတစ်ယောက်က
ယောကျာ်းလေးတစ်ယောက်ကိုလက်ထပ်မည်ဆိုသောအခါလုံးဝကိုအစိမ်းသက်သက်။Jeonကသူ့ဘဝကိုမိန်းမလှလှလေး
တစ်ယောက်နဲ့လက်ထပ်မယ်လို့
planတွေချခဲ့ဖူးတာ။အခုလိုဖြစ်လာဖို့ကို
သူကစိတ်တောင်ကူးခဲ့တာမဟုတ်။
အခုလိုကြီးရုတ်တစ်ရက်အချစ်မပါဘဲ
လက်ထပ်ရမည်ဆိုတော့
Jeonရဲ့စိုးရိမ်မှုတွေသည်နှစ်ဆဖြစ်ခဲ့သည်။Jungkookသည်
အစစအရာရာရင့်ကျက်ခဲ့ပင်မဲ့
အချစ်ရေးမှာတော့တုံးအနေသည်ဆိုတာ
သူကိုတိုင်ပင်မသိခဲ့။ရင်ကျက်မှုရောမရင့်ကျက်မှုပါရောလာသည့်
အခါJungkookသည်စိတ်တွေရှုပ်ကာ
ဒေါသတွေထောင်းခနဲထွက်လာခဲ့သည်။" အစ်ကို တစ်ခုခုဖြစ်နေတာလား "
" ဘာမှမဖြစ်ဘူး
ပြီးပြီလား....သွားမယ် "" ဟုတ် အစ်ကို "
Jeonသည်ဒေါသတွေနဲနဲပါသွားပင်မဲ့
အများကြီးမပေါက်ကွဲတော့။
ကားကိုအရှိန်ဖြင့်သာအမြန်ဆုံးမောင်းချလိုက်သည်။
ကြည့်ရတာJeonကကားကိုမြန်မြန်မောင်းကာဒေါသတွေကိုဖြေလျော့နေပုံပါဘဲ။
ဘေးကလူကိုလည်းသတိမထားမိတော့။" အစ်ကို..
ကားကိုဖြေးဖြေးမောင်းပေးပါလား "" ဘာလဲ.. သေရင်ငါနဲ့လက်မထပ်လိုက်ရမှာ
စိုးလို့လား မကြောက်ပါနဲ့ ငါ့ယောကျာ်းကို
ငါကသေအောင်သတ်ပါ့မလား "ကားမောင်းရင်းဖြေလျော့နေသော
ဒေါသတွေသည် Jiminဆီ အလျင်အမြန်ကူးပြောင်းလာခဲ့သည်။" အစ်ကိုကဘာလို့
ထင်ရာတွေစွတ်ပြောနေရတာလဲ "" ငါထင်တာမှားနေလို့လား Park Jimin "
" မှားတယ်..အစ်ကိုထင်တာတွေတစ်ခုမှ
ဟုတ်မနေဘူး "" ဟားးဟားးး Park Jimin တို့က
သိပ်ရီရတာဘဲ..မုန်းစရာကောင်းလိုက်တာ "" ချစ်တယ်..
ကျွန်တော်ကအစ်ကို့ကိုချစ်တယ်လေ "" ထပ်မပြောနဲ့ Park Jimin!!!
မင်းပါးစပ်ကိုပိတ်ထားလိုက်
ငါထပ်ရိုက်မိလိမ့်မယ် "
YOU ARE READING
ကိုကို 💔 (အစ်ကို)
FanfictionOctober တွေကမလှတော့ပင်မဲ့ September တွေကတော့လှမှဖြစ်မှာလေ။