Part 4

196 40 4
                                    

Unicode

"ပယ်တယ်!!!!!!"

ကျောင်းကောင်စီရုံးခန်းမှ ကျောင်းတစ်ခွင်လုံးအထိ ဟိန်းထွက်လာသော အသံတစ်ခု။

"မင်းတို့ ဒီ ဗိုလ်၊ကျား၊သေနတ်ကို ဘိန်းထက် စွဲလမ်းနေတာလား၊ ဘာလားပဲ?! "

"ဒီကစားနည်းကိုမှ မိန်းကလေးချင်းပြိုင်ခိုင်းပြိုင်ခိုင်း၊ ယောကျာ်းလေး၊မိန်းကလေးတွဲပြီး ပြိုင်ခိုင်းပြိုင်ခိုင်း အဖွဲ့လိုက်ပဲ ပြိုင်ခိုင်းပြိုင်ခိုင်း ဗိုလ်၊ကျား၊သေနတ်က ဗိုလ်၊ကျား၊သေနတ်ပဲလေကွ!!!"

"အကြံဉာဏ်သစ်တစ်ခုရအောင် စဥ်းစားခိုင်းပါတယ်ဆိုမှ အဲ့ဒီ ဗိုလ်၊ကျား၊သေနတ်ဆီမှာပဲ နည်းမျိုးစုံနဲ့ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေနေတယ်!"

"ငါတော့ သေချင်တာပါပဲကွာ"

ထိုအခါ ကျောင်းသားအုပ်စုမှ ကြောက်"လန့်"ဖြင့်

"အုပ်ကြီးကလဲ ဒီကစားနည်းက ပျော်ဖို့ကောင်းပါတယ်ဗျ..."

"တိတ်စမ်း!!!"

"အဟင့်:'("

"ကဲ.. မိန်းကလေးတွေကရော ဘာလုပ်ဖို့ စဥ်းစားထားလဲ?"

"ဟုတ်.. cafeဆိုင်မျိုးလေး လုပ်မလားစဥ်းစားထားပါတယ်"

Seokjinလဲ သေချာတွေးတောလိုက်ပြီး မိန်းကလေးများပေးသောအကြံက မဆိုးဘူးဟုတွေးကာ ချက်ချင်းပင် လက်ခံပေးလိုက်သည်။

*အင်း.. ငါလဲ Maid cafeမှာ လက်ရှိလုပ်နေတာဆိုတော့ ဒီကိစ္စကို ကောင်း''ကိုင်တွယ်နိုင်တယ်*

"ကဲ.. ဒါဆို ဒုတိယနှစ်အတန်းက Cafeဆိုင်"

" အုပ်ကြီးက မတရားလိုက်တာ သူတို့ပြောတာကျ ချက်ချင်းလက်ခံတယ်!!"

"ဒါဆို ကျောင်းပွဲတော်မှာ မင်းတို့ပြောတဲ့ ဗိုလ်၊ကျား၊သေနတ်ကို လိုက်ဆော့ခိုင်းရမှာလားးကွ!!!"

ကျောင်းသားကောင်စီဥက္ကဋ္ဌ အော်သံကြောင့် ကျောင်းသားများ ရုတ်ရုတ်သဲသဲဖြစ်ကာ ရုံးခန်းထဲကနေ ပြေးထွက်ကုန်ကြသည်။

"အယ်.. အုပ်ကြီး ဒီတိုင်းဆို အဆင်ပြေပါ့မလား!! ကျောင်းပွဲတော်မှာ အားလုံးအတူတူ ပျော်စေချင်တာ"

Say, I Love YouWhere stories live. Discover now