Unicode
ကျောင်းပွဲတော်ကြီးပြီးသည့်နောက် ဟာနွန်းကျောင်းသည်လည်း ယခင်ကထက် ပိုပြီး နာမည်ကောင်းရလာခဲ့သည်။ တက်ရောက်သည့် ကျောင်းသူ၊ကျောင်းသား အရေအတွက္မှာလည်း ယခင်နှစ်ထက် ပိုမိုများပြားလာခဲ့သည်။
သာယာသောနေ့လေးတစ်နေ့၌ ဟာနွန်းအထက်တန်းကျောင်းတွင် ကျောင်းသူတစ်ဦးသည် ရုပ်ရည်ခန့်ညားသည့် ကျောင်းသားတစ်ယောက်ရှေ့တွင် ရှုိးတိုးရှန့်တန့်နှင့် ရပ်နေသည်။
ထိုကျောင်းသားမှာ တစ်ခြားသူမဟုတ် ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ဟု နာမည်ကျော်သည့် Kim Taehyungပင်။
ယခုတွင်လည်း Kim Taehyungကို ထိုကျောင်းသူလေးမှ ဖွင့်ပြောရန်ကြိုးစားနေခြင်းဖြစ်သည်။"ဟို.. ဟိုလေ Kim Taehyung.."
"အင်း"
"ဒီစကားကို တော်တော်လေး သေချာစဥ်းစားပြီးမှ ပြောတာပါ..။"
"မိန်းကလေးမို့လို့ ကိုယ့်ခံစားချက်တွေ ကို်ယ့်ဘက်က စဖွင့်ပြောရမှာရှက်ပေမယ့်လည်း ဖွင့်ပြောမှဖြစ်မယ်ထင်လို့.. အဲ့တာ..အဲ့တာလေ.."
အရှေ့ကမိန်းကလေးခင်ဗျာ သူ့ခံစားချက်တွေကို တစ်ခုချင်းဖွင့်ဟပြောနေပေမယ့် Kim Taehyung၏ အကြည့်ရော အာရုံရောကို ထိုမိန်းကလေးနောက်ရှိ နှုတ်ခမ်းတစ်ဆူဆူနှင့် စကားပြောနေသည့် တစ်ယောက်သောသူကသာ ဖမ်းစားထားသည်။
"မင်းတို့ကို..ငါနည်းနည်းလေး အကြည့်လွှဲလို့ကိုမရဘူး။ ဒီခုံတန်းရှည်ကို မနိုင်မနင်းတစ်ယောက်တည်း မိုးပေါ်ထောင်ပြီးသယ်မနေနဲ့။ ခုံက ဘက္မညီပဲပြုတ်ကျရင် အကုန်မာလကီးယားကုန်လိမ့်မယ်ကွ.. တကတည်း"
ကျောင်းသားခေါင်းဆောင် Kim Seokjinမှာ ထုံးစံအတိုင်း ကျောင်းသားများ၏ ကပျက်ကချော်အပြုအမူများကို ထိန်းကျောင်းနေရပေသည်။
Kim Seokjin၏ ပြောဆိုနေပုံ၊ အမူအယာ တစ်ခုချင်းစီတိုင်းကို Kim Taehyung အကြည့်မလွှဲနိုင်ဖြစ်မိသည်။ သူ့ကိုယ်သူလည်း ဘာက ဒီလောက်တောင် အကြည့်မလွှဲနိုင်ဖြစ်စေသည် မသိ။*Kim Seokjin.. မင်းပါပဲလား*
*ငါကပဲ မင်းရှိတဲ့နေရာကို တည့်တည့်မတ်မတ်ရောက်လာတာလား..မင်းကပဲ ငါရှိတဲ့နေရာတိုင်းမှာ ရှိနေတာလားကွာ..*