သူဆရာ့ကိုသဘောကျနေကြောင်းရင်ဖွင့်
မိတော့ ရူတို ဘက်ကထူးဆန်းစွာ
ပြန်လည်တုံ့ပြန်လာသည်....။
သူမျှော်လင့်ထားသလိုမျိုး...ဟုတ်လား..
ကောင်းတယ်ကွာ...ငါအားပေးတယ် ဆိုတာ
မျိုးမဟုတ်ခဲ့ပါ...။
ရူတို ကသူ့ကိုအတန်ကြာ အဲဒီလိုထူးဆန်း
တဲ့အကြည့်နဲ့ကြည့်နေခဲ့ပြီးနောက်မှာ
တော့ တစ်ခုခုပြောဖို့ပြင်လိုက်ပေမယ့်...
ဆရာပြန်ရောက်လာတာမို့ ရူတို ပြောမယ့်
စကားကိုသူကြားခွင့်မရလိုက်...။မှာထားတာတွေရောက်လာတာမို့
သူတို့စကားစပြတ်ကာ...အစားကိုသာ
အာရုံစိုက်လိုက်ကြသည်...။"အာ....ယိုရှီခွန်း ရောက်လာပြီလား..."
စားနေကြရင်းမှ ဆရာ့အသံကြား
တာမို့ ကြည့်လိုက်တော့ သူတို့ဝိုင်းဆီကို
လျှောက်လာနေတဲ့ အရပ်ရှည်ရှည်
ခပ်ချောချောအစ်ကိုတစ်ယောက် ကို
တွေ့လိုက်ရသည်....။"ရူတို မင်းကတော့....မပြောမဆိုနဲ့
အဲ့ကျောင်းကိုရောက်သွားတာပဲနော.."အဲ့အစ်ကိုကဆရာ့ဘေးကနေရာလွတ်မှာ
ဝင်ထိုင်ရင်း ရူတို့ ကိုပြောသည်...။"ဟမ်...ဂျယ်ဂျူမှာရှိနေရမယ့်လူက
ဘယ်လိုလုပ်ဒီကို ရောက်လာရတာလဲ..""နားရက်ရတယ်လေ.."
"အော်...အားနေတယ်ပေါ့.."
"အမယ်...တစ်နှစ်ပတ်လုံးမနားတမ်း
ဆက်တိုက်အလုပ်လုပ်ပြီး...ခုမှနားရတာ
ပါနော...""သိပါတယ်...ကျွန်တော်က စလိုက်တာပါ.."
"အကြီးကိုစ စရာလား...။
ဒီကောင်လေးတော့နာချင်နေပြီ.."ယိုရှီ ကလက်ရွယ်တော့ ရူတိုကကိုယ်ကို
ကျုံ့လိုက်သည်....။"တော်ကြပါတော့...ခုမှတွေ့ရုံရှိသေးတာကို
ရန်ဖြစ်နေကြပြီ..."ဆရာ့ရဲ့စကားသံအောက်မှာမှ နှစ်ယောက်
သားက ငြိမ်သွားကြတယ်...။
ဖြစ်ပျက်နေတဲ့အခြေအနေတွေကို
နားမလည်တဲ့ ဂျယ်ဟော့ကတော့
ဒီတိုင်းကြည့်နေရုံသာ...။
![](https://img.wattpad.com/cover/326551130-288-k218021.jpg)
YOU ARE READING
Heartbreak anniversary [COMPLETED]
Fanfictionတက္ကသိုလ်ကျောင်းသားလေးတစ်ယောက် ကအမှတ်မထင်ပဲ ဆရာ့ကိုချစ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ...။ တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်ကအမှတ်မထင်ပဲ ဆရာ့ကိုခ်စ္မိသြားတဲ့အခါဘာတွေဆက်ဖြစ်မှာလဲ...။