Celebrity Missing
Part 6အော့် အီး အီး အွတ်!!!!!!!!!!
ကြက်တွန်သံကြောင့် Xiumin တယောက် ပိတ်ကျနေသော မျက်လုံးများကို အတင်းဖွင့်လိုက်ရသည်။
မျက်လုံးဖွင့်လိုက်တာနဲ့ ဖြုဝင်းနေသော အသားအရေဖြင့် အိပ်နေတာတောင် နတ်သားလေးတပါးအလား ချောမောလွန်းသော Luhan ကိုစိုက်ကြည့်နေသည်။
သူမနေ့ကမမျှော်လင့်ပဲ သိလိုက်ရတာ Luhan ကသူမန်လူတယောက်မဟုတ်ဘဲ နာမည်ကြီး idol တယောက်ဖြစ်နေတယ်ဆိုတာကိုပေါ့
သူသိသိချင်းတော့ အံသြသွားပေမဲ့ သူ့အပေါ်မှာ ပွင့်လင်းဖို့အမှန်အတိုင်းပြောခဲ့တဲ့ Luhan ကို ကျေးဇူးတင်မိတာတော့အမှန်ပင်။
Luhan ရဲ့ရင်ဘတ်ထဲ ရောက်နေသဖြင့် သူ့ကိုယ်မှာနွေးထွေးနေသည်။
သူ့ခြေထောက်မှာလဲ Luhan ကိုခွထားပြန်တယ်
ငယ်ငယ်ထဲက ခွတတ်တဲ့အကျင့်ရှိတာ ခုထိဖျောက်လို့ကိုမရသေးဘူး ကွကို စိတ်ထဲကပြောရင်း ထဖို့ကြိုးစားလိုက်တယ်
မနက်စာပြင်ရဦးမယ်လေ
အဘွားတောင် နိုးနေပီလားမသိ?အဘွားနိုးနေလို့ ကူမလုပ်ပေးရင် အဆူခံရဦးမယ်
Luhan ရင်ခွင်ထဲမှ မထချင်ပေမဲ့လဲ ကြိုးစားကာထလိုက်သည်
Luhan ကတော့ အိပ်မောကျနေပုံပင် သူထလာတာတောင် မနိုးဘဲ ဆက်အိပ်နေသေးတယ်
Luhan အိပ်နေတဲ့ပုံကို ကြည့်ကာ ပြုံးရင်းအခန်းထဲမှ ထွက်ကာ မျက်နှာသစ် သွားတိုက်လိုက်သည်။
နောက်တော့ မီးဖိုချောင်ထဲသွားကာ မနက်စာသွားပြင်သည်။
အဘွားနိုးနေသဖြင့် သူချက်စရာမလိုတော့ပေ
ကူရုံသာ ကူပေးရမှာပေါ့
"အဘွား ဘာကူပေးရမလဲ?"
"အိုးထဲက ထမင်းကြော်ကိုပန်းကန်တွေထဲထည့်ထားပီး စားပွဲပေါ်တင်ထားလိုက်"
"Nae"
Xiumin ခူးခပ်ထည့်ပီးတဲ့အချိန်ထိ Luhan ထွက်မလာသေး
မနိုးသေးဘူးထင်တယ် အိပ်ပုတ်ကြီးထှာ
"ဟဲ့ xiumin ဟိုကောင်လေးမနိုးသေးဘူးလား?သွားနှိုးလိုက်ဦးလေ"
KAMU SEDANG MEMBACA
Celebrity Missing {XiuHan}
Fiksi PenggemarThis story is about romantic love between solo singer Luhan and normal boy xiumin XiuHan (Yaoi)