8

384 58 6
                                    

Unicode

"ထယ်ယောင်း ငါ့ကိုအမှန်အတိုင်းပြောပြပေးပါ"

"........"

"ဝူလေးကဘယ်သူလဲ"

ထယ်ယောင်းက ဘာမှမပြောသေး၍ ဆော့ဂျင်စိတ်တိုလာမိသည်...

"အကိုသိဖို့မလိုတဲ့လူ"

"ဘယ်သူမို့လို ငါသိဖို့မလိုတာလဲ
ဘယ်သူမို့လို့မင်းကငါ့ကိုဖုံးကွယ်ထားတာလဲ"

"အကိုကရော ဘာလို့သိချင်တာလဲ
ဘယ်သူမှန်းမသိတဲ့သူတစ်ယောက်ကို ဘာလို့ဒီလောက်တောင်သိချင်နေရတာလဲ"

"ငါခံစားမိတယ် ကမ်ဆော့ဝူက ငါ့အတွက်အရေးကြီးတဲ့သူတစ်ယောက်ဆိုတာ
ငါမေ့လို့မဖြစ်တဲ့လူတစ်ယောက်ဆိုတာ
ငါခံစားမိတယ်"

"ဒါဆိုအကို့ခံစားချက်တွေမှားနေပီပဲ
သူ့ကိုမေ့မှ အကိုဆက်အသက်ရှင်နိုင်မှာ
သူ့ကိုမေ့မှာအကိုပျော်ရွှင်နိုင်မှာ"

"မင်းမဟုတ်ဖူးလား
သူ့ကိုမေ့မှပျော်ရွှင်နိုင်မဲ့သူ
သူ့ကိုမေ့မှအသက်ဆက်ရှင်နိုင်မဲ့သူကမင်းမဟုတ်ဖူးလား"

ထယ်ယောင်းရဲ့လှုပ်ရှားမှုတွေရပ်တန့်ကုန်သည်..
အကိုပြောသည့်စကားထဲတွင်အမှားမပါ..
ဝူလေးကိုမေ့ပစ်မှ ပျော်ရွှင်နိုင်မည့်သူ အသက်ဆက်ရှင်နိုင်မည့်သူသည် အကိုမဟုတ်ပဲသူသာဖြစ်နေသည်..

"ငါအိမ်မက်ထဲမှာ မြင်ခဲ့တယ်
မင်းရယ် သူရယ်
ဘာတွေဖြစ်ခဲ့ကြတာလဲ
မင်းတို့နှစ်ယောက်က သိပ်ချစ်ခဲ့တဲ့သူတွေမဟုတ်ဖူးလား"

"အကိုဘာလို့အဲ့လိုထင်ရတာလဲ"

"မင်းသူ့ကိုချစ်တယ်လို့ပြောတာကိုငါကြားခဲ့တယ်"

ထယ်ယောင်းရုပ်တရက်ထရပ်လိုက်ပီး..

"ကျွန်တော့်ဘ၀မှာ ချစ်တယ်ဆိုတဲ့စကားကိုလူတစ်ယောက်ထဲအတွက်ပဲပြောခဲ့ဖူးတယ်
ကျွန်တော်တကယ်ချစ်တဲ့သူ
အဲဒီလူကအကိုပဲ"

"......"

"ကျွန်တော် ဒီလောက်နဲ့ပဲပြန်လိုက်တော့မယ်အကို
အကို့ဆရာ၀န်စီ၀င်တွေ့ခဲ့တယ်
ဆေးကုန်နေပီမလား
မှဏ်ဉာဏ်တွေပြန်ရနေပီဆိုတော့ ခေါင်းကိုက်တာပိုဆိုးလာတော့မှာ ဆေးပုံမှန်သောက်ပါအကို"

"parallel love line"အချစ်မျဉ်းပြိုင် (အချစ်မျဉ်းပြိုင်)Where stories live. Discover now