9

372 52 8
                                    

Unicode

"အကိုယွန်းဂီ ပြန်ရောက်တာကြာပီလား"

ယွန်းဂီ ကော်ဖီကိုသောက်ပီးနောက် ခေါင်းကိုအသာရမ်းပြလိုက်သည်..

"အကိုဂျင်ရော အကိုပြန်ရောက်တာသိပီးပီလား"

"ငါမပြောရသေးဘူး ထယ်ယောင်း"

"အကိုဂျင့်အခြေအနေကို အကိုသိတယ်မလား
သူအကို့ကိုမှတ်မိနိုင်မှာမဟုတ်ဖူး
ပီးတော့ဝူလေးက..."

"ငါ ဟိုမှာသတင်းတွေအကုန်ကြားပါတယ်
ဆော့ဂျင် အတိတ်မေ့နေတယ်ဆိုတာရော ဝူလေးဆုံးသွားပီဆိုတာရော ငါသိပါတယ်"

မင်ယွန်းဂီဆိုသူကိုရီးယားကိုပြန်ရောက်သည် ဆိုကတည်းက ထယ်ယောင်းစိတ်တွေလေးနေတာပင်..
မင်ယွန်းဂီကတခြားသူမှမဟုတ်ပဲ ကမ်ဆော့ဂျင် ကမ်ဆော့ဝူ ကမ်ထယ်ယောင်းတို့ရဲ့ အရင်းနှီးဆုံးလူ..
အထူးသဖြင့် ဝူလေးရဲ့စန္ဒရားသံစဉ်တွေအပေါ် မျှော်လင့်ချက်ကြီးတဲ့လူ..

"အကိုယွန်းဂီ အခုအကိုဂျင်က ဝူလေးအကြောင်းကိုမသိသေးဘူး"

"ဘာ!"

ယွန်းဂီရဲ့မျက်ခုံးတို့သည် မကျေနပ်ဟန်တွန့်ချိုးသွားလေသည်..

"ဘာအဓိပ္ပာယ်လဲ ကမ်ထယ်ယောင်း"

"အကိုမှတ်ဉာဏ်ပျောက်သွားတုန်းက ကျွန်တော့ကိုရော အကို့မာမီကိုရောမမှတ်မိခဲ့ဘူး
ဝူလေးကိုလည်းမမှတ်မိခဲ့ဘူး
ကျွန်တော်တို့အကို့ကိုထပ်ပီးစိတ်ဒဏ်ရာမရစေချင်လို့ ဝူလေးအကြောင်းကိုပြောပြဖို့ထိန်ချန်ထားခဲ့တယ်
အဲ့တာကြောင့်အကိုက ဝူလေးဆုံးတာကိုရော ဝူလေးကဘယ်သူဆိုတာကိုရောမသိဘူး အကိုယွန်းဂီ"

"......."

"အကို့ကိုလည်း ကျွန်တော်တောင်းဆိုစရာရှိပါတယ်
အကိုဂျင့်နဲ့တွေ့တဲ့အခါ ဝူလေးအကြောင်းတွေကိုမပြောပါနဲ့ အကိုဂျင်ခံစားရမှာ ကျွန်တော်မလိုချင်ဘူး
အကယ်၍ အကိုသာ ဝူလေးကသူ့အတွက်နဲ့သေခဲ့ရတာသိရင် သူ့ကိုယ်သူခွင့်လွှတ်နိုင်မှာမဟုတ်ဖူး"

ယွန်းဂီဘက်က အတန်ကြာငြိမ်သက်သွားပီးနောက်..

"ငါ မင်းဘာကိုဆိုလိုချင်တယ်ဆိုတာနားလည်တယ် ထယ်ယောင်း
မင်း ဆော့ဂျင်ကိုဘယ်လောက်ချစ်တယ် သူ့အတွက်ဘယ်လောက်ထိတွေးပေးတယ်ဆိုတာ ငါသိတယ် ဒါပေမဲ့ မင်းသူ့ဘ၀ကို၀င်မစွက်ဖက်သင့်ဘူး သူ့မှာဝူလေးအကြောင်းကိုသိပိုင်ခွင့်အပြည့်ရှိတယ် သူ့ရဲ့ဘ၀ကိုသူကိုယ်တိုင်ပဲဆုံးဖြတ်ပါစေ
ထယ်ယောင်း"

"parallel love line"အချစ်မျဉ်းပြိုင် (အချစ်မျဉ်းပြိုင်)Where stories live. Discover now