စာရေးသူအမှာ

17 2 0
                                    

ဆိုတော့က.. ဒီ Girls' love Fiction လေးကို စရေးဖြစ်ခဲ့ပြီပေါ့။ ဒီ fic လေးကို ရေးမယ်လို့ Facebook မှာ ပြောဖူးတယ်ဆိုပေမဲ့ မေ့တဲ့သူကတော့ မေ့သွားလောက်ပြီ။ ဘာလို့ဆို ပြောဖူးခဲ့တာလဲ ကြာခဲ့ပြီကိုး။ ထားပါ ကျွန်တော်ဆိုတာကလဲ စိတ်ကူးပေါက်တဲ့ချိန်မှာမှ စိတ်ကူးပေါက်သလို ထထလုပ်တတ်တာဆိုတော့။

ကျွန်တော် ကလောင်နာမည်ပြောင်းပြီး နောက်မှာ စာရေးရတာ ပိုအဆင်ပြေလာသလိုပဲ။ အကြောင်းပြချက်ကိုတော့ ရှင်းမပြတတ်ဘူး။ အဲ့တာကြောင့်လဲ ဒါလေးကို စရေးမယ်လို့ တွေးမိတာရယ်။ ဒီ Fic အကြောင်းက စိတ်ထဲ ခဏခဏ ဝင်လာတာမို့လဲ ပါပါတယ်။

အစတုန်းကတော့ ကျွန်တော်နဲ့ ကျွန်တော့်အရင်ရည်းစားဟောင်းကို ယူပြီး ရေးဖို့။ သူနဲ့ ပတ်သတ်ပြီး ခံစားချက်တွေ အရမ်းမနက်ရှိုင်းသွားခဲ့ပေမဲ့ သူနဲ့ အမှတ်တရအများကြီး မရှိခဲ့ဘူးလို့ ပြောလို့ရပေမဲ့ ဒီအတိုင်းရေးကြည့်ဖို့ စဉ်းစားမိတာရယ်။ ဒါပေမဲ့ အခုတော့ စိတ်ပြောင်းပြီး တတ်နိုင်သမျှ ဒီအငွေ့အသက်ကို ဖျောက်မှာပါ။ ဒါပေမဲ့ နည်းနည်းတော့ ယူမယ်ပေါ့နော် ဟဲဟဲ။

အဓိကပြောချင်တာကတော့ ဒါက ကျွန်တော့်ရဲ့ စိတ်ကူးယဉ်သက်သက်ပါပဲ။ ပြီးတော့ လုံးဝ Own Creation ပါ။ အခြား စာရေးသူတွေရဲ့ influence ဘာညာ မိနေနိုင်တယ်လို့ ပြောနိုင်ပေမဲ့ ကျွန်တော်ကတော့ မမိဘူးလို့ ယုံပါတယ်။ ဘာလို့ဆို ကျွန်တော်က စာရေးသူမရွေး ဖတ်လို့ပါ။ စာရေးဆရာကြီးပဲဖြစ်ဖြစ်၊ ကျွန်တော့်လို စာရေးသူအသစ်ရေးတာပဲဖြစ်ဖြစ် ကျွန်တော်သဘောကျတဲ့ အရေးအသားရှိရင်တော့ ဖတ်တာပါပဲ။ စု၊ တု၊ ပြု သဘောကတော့ စာရေးသူတိုင်း ရှိမှာဆိုတော့ ဒါတော့ ဒါပေါ့နော်။

ကျွန်တော်က သောကြာသမီးပီပီ လေမတရားရှည်ပါတယ်။ ကလောင်နာမည်ကိုလည်း သောကြာသမီးပီသစွာနဲ့ သျှားမိုးဝသုန်ဆိုပြီး ပေးထားတာပါ။ လေရှည်တာ မကြိုက်ဘူးဆိုရင်တော့ ကျွန်တော်စကားပြောတဲ့ နေရာကို ကျော်ဖတ်ပေါ့နော်။ (လေရှည်ရတာ ကြိုက်တယ်ဆိုပေမဲ့ စိတ်ကူးပေါက်တဲ့အချိန်မှပဲ ပြောတာပါ) စကားပြောရတာကြိုက်တဲ့သူကတော့ ကျွန်တော်နဲ့ အာလာထုနိုင်ပါကြောင်း။

Fic အကြောင်းလေး နည်းနည် ပြောရရင်တော့ ကြိုတွေးထားတဲ့ ဇာတ်လမ်းကျောရိုးရှိပေမဲ့ Cha ရဲ့ ရွေးချယ်မှု အရ ပြောင်းလဲတာတွေ အများကြီးရှိမှာပါ။ ရေးနေရင်းနဲ့မှ အခြား‌တွေးမိတာရှိလဲ ထပ်ထည့်ဖြစ်ချင် ထပ်ထည့်ပေးမှာပေါ့လေ။

သျှားမိုးဝသုန်အနေနဲ့ ရေးတဲ့ ပထမဆုံး Fiction ပါ။ ပေါ့ပေါ့ပါးပါးပဲ ရေးမယ်လို့ တွေးထားပါတယ်။ (စိတ်ကူးပေါက်ရင် Drama လည်း နည်းနည်းချိုးမယ် XD) အပိုင်းရေကိုတော့ ၂၀ လောက် မှန်းထားပါတယ်။ (ပိုသွားရင်လည်း မတတ်နိုင်သလို နည်းသွားရင်လည်း မတတ်နိုင်ပါ XD) အကောင်းဆုံးကြိုးစားပြီး ရေးထားပါတယ်။ လိုတာရှိတယ် ထင်ရင် Positive ဆန်ဆန် လာထောက်ပေးပါ။ ဒါ ကျွန်တော့် တောင်းဆိုချက်ပါပဲ။

Update ကိုတော့ ကျွန်တော့်အနေနဲ့ အာမမခံနိုင်ပါဘူးခင်ဗျာ။ အစအဆုံးရေးပြီးမှ ဖတ်လည်းရသလို Ongoing လိုက်ချင်လဲ သဘောပါပဲ။ အပိုင်း တစ်ဝက်လောက်မှ ဖတ်လည်း ဖြစ်ပါတယ်။ ဒါကတော့ စာဖတ်သူတွေ အပိုင်းပါ။ ဘယ်နေ့ဘယ်နေ့တွေ တင်ပေးမယ်ဆိုပြီး ကတိမတည်နိုင်ဘဲ ကတိပေးမှာတော့ မဟုတ်ပါဘူး။ (ပြောပြောပြီး မလုပ်ဖြစ်တာ အရမ်းများနေလို့ပါ)

လေကြောရှည်ပြီးပြီဆိုတော့ ပထမအပိုင်းကို စလိုက်ကြရအောင်ခင်ဗျာ...။

ချစ်ခြင်းများစွာဖြင့်....

သျှားမိုးဝသုန်~~~

18th November 2022 (Fri)

ရေဒီယိုလှိုင်းများမှတစ်ဆင့် (Unicode Version)Where stories live. Discover now