အပိုင်း (၂)

4 1 0
                                    

ဝသန်မိုးစက် အိမ်ပေါ်မှ ဆင်းလာခဲ့ပြီဖြစ်သော်လည်း စိုးစဥ်းမျှ ဝမ်းနည်းခြင်းမရှိပါပေ။ သူသည် သူ၏မိဘနှစ်ပါးကို ချစ်ခင်ပါသော်လည်း ထိုးနှက်တိုက်ခိုက်လာမည့်စကားများကိုတော့ မကြားလိုပါ။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏မိဘများထက် သူ့ကိုယ်သူ ပိုချစ်သူဖြစ်သည်။ အရာအားလုံးထက် မိမိကိုယ် မိမိ ပိုချစ်သူဖြစ်ပါသည်။ သို့သော် အမျိုးသမီးတစ်ဦးကိုတော့ သူ၏အသက်နှင့် လဲရဲသည်အထိ ချစ်ခင်မိပါသည်။ အမျိုးသမီးအကြောင်းကိုတော့ နာမည်ကလွဲ၍ သေချာမသိလှပါပေ။ စုံစမ်းရန်ကြိုးစားဖူးသည်။ သို့ပေတည့် မရေရာလှသော အချက်အလက်အချို့ကိုသာ ရရှိခဲ့သည်။

သူချစ်ရသော အမျိုးသမီး၏နာမည်မှာ "မြူလွှာနှင်းစက်" ။ နှင်းစက်ကို သူ လိုင်းပေါ်မှ တစ်ဆင့်တွေ့ခဲ့ရသည်။ စခင်ခဲ့သည်ကလည်း ရိုးရိုးရှင်းရှင်းသာ။ Anime သဘောကျသည်ချင်းတူခဲ့သောကြောင့်။ ထိုအချိန်က သူသည် Anime များကို ဘာသာပြန်ခဲ့သည်။ နှင်းစက်သည် သူ၏ ဘာသာပြန်ချက်များက်ု သဘောကျသည်။ သို့နှင့် သူ့ဆီကို page messager မှ တစ်ဆင့်ရောက်ရှိလာ၏။

' Hello Translater Mukari ရှိပါသလားရှင့်' ဟူသော စာတိုလေးဖြင့်။ မိုးစက်သည် page ၏ တစ်ဦးတည်းသော Admin ဖြစ်သည်နှင့် စာပြန်ဖြစ်ခဲ့သည်။ အကြောင်းမှာ Anime များကို Mm sub ကြည့်ပါလျှင် လူအများစုသည် မည်သည့် Translater ပြန်မှ သို့မဟုတ် မည်သည့် Encoder Encode မှ ဟူ၍  အစွဲမရှိကြ။ Anime ကောင်းလျှင် mmsub ကြည့်ရ အဆင်ပြေလျှင် ကြည့်လိုက်သည်ချည်း။ ထို့အတူ နာမည်များကိုလဲ မှတ်ထားလေ့မရှိကြပါပေ။ သို့သော် နှင်းစက်ကမူ သူ့နာမည်ကိုခေါ်ကာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။

ထို့အတူ နှင်းစက်သည် 'ကျွန်မ Mukari ပြန်တာကို အရမ်းသဘောကျတယ် Mukari ပြန်တဲ့ Anime ကိုပဲ ကြည့်တာ' ဟုပါ ဆိုခဲ့သေးသည်။ ဤသို့ဆိုလာသည်ကို မည်သူကမှ လျစ်လျှူရှုရက်မည် မဟုတ်သလို စကားမပြောဘဲနှင့်လည်း နေနိုင်မည်မဟုတ်ပါပေ။ ဝသန်မိုးစက်သည်လည်း အပါအဝင် ဖြစ်ပါသည်။

ဤသို့ဖြင့် သူတို့နှစ်ဦးစသိလာပြီး ရင်းနှီးလာခဲ့သည်။ နောက်ပိုင်းတွင် မြူလွှာနှင်းစက်သည် ဝသန်မိုးစက်ကို ဘာသာပြန်ရာတွင် အကူအညီပေးလာခဲ့သည်။ တစ်ပုဒ်ထဲတွင် နှစ်ယောက်အတူပြန်ခဲ့သည်။ သို့သော်လည်း မည်သူမျှ နှစ်ယောက်အတူတူပြန်သည်ကို မရိပ်မိကြပါပေ။ စာများကို ညှိခြင်းမရှိပါဘဲ တစ်သားတည်းကျနေခဲ့၏။ မိုးစက်နှင့်အတူ လုပ်နေကြဖြစ်သော Encoder သည်ပင် သတိထားမိခြင်းမရှိပါပေ။

ရေဒီယိုလှိုင်းများမှတစ်ဆင့် (Unicode Version)Where stories live. Discover now