အပိုင်း (၃)

6 1 0
                                    

နန်းဖြိုးဝေတစ်ယောက် နေ့လယ်ခင်းအိပ်ရန် ကြံနေစဥ်မှာပင် ဖုန်းသံကြားလိုက်ရသည်။ ringtone အရ ဆိုပါက ချစ်လှစွာသော အစ်မကြီး ဝသန်မိုးစက်ဖုန်းဖြစ်မည်မှန်း ချက်ချင်းသိလိုက်ပါသည်။

"ဟဲလို"

"ဟဲလို နန်းမလား ဒီနေ့ ငါအိမ်ပေါ်က ဆင်းလာပြီ"

အစမရှိအဆုံးမရှိ ထိုသို့ပြောလာသောကြောင့် နန်းဖြိုးဝေတစ်ယောက် အတော်ကိုပင် ကြောင်အသွားရသည်။ သို့သော် ဤသည်မှာ နန်းဖြိုးဝေအတွက် ထူးဆန်းလှသည်တော့မဟုတ်ပါပေ။ ဝသန်မိုးစက်ဟူသည့် သူငယ်ချင်းအကောင်းစားလေးသည် သူ့ကို ပြောစရာစကားမရှိအောင် လုပ်တတ်သူဖြစ်သည်။ လွန်ခဲ့သည့် ငါးနှစ်တုန်းကလည်း အစမရှိစွာဖြင့် သူနှင့်စပ်တူ cafè ဖွင့်မည်ဟု ဆိုလာပေသေးသည်။ သို့သော်လည်း စပ်တူဖွင့်သည်ဆိုသည်မှာ အပြောသက်သက်သာ။ ငွေကြေးကိစ္စမဟုတ်သော အခြားအကူအညီများ သူလိုအပ်သည်ကို တစ်ဖက်လှည့်နှင့် ပြောလိုက်ခြင်းဖြစ်သည်။ အမှန်တကယ်တွင်တော့ ဆိုင်သည် ဝသန်မိုးစက်အပိုင်ဖြစ်ပေသည်။ မိမိသည် သူ့ဆိုင်တွင် မန်နေဂျာအနေဖြင့်သာ တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပါသည်။

ယခုတွင်လည်း အိမ်ပေါ်ကဆင်းလာပြီဟု သူပြောလာသောကြောင့် သေချာသည်မှာ cafe ဆိုင်တွင် လာနေတော့မည်။ နေရာပြင်ဆင်ထားဟု ပြောလိုက်ခြင်းသာ။ ထို့ကြောင့် နန်းဖြိုးဝေဟုခေါ်သော သူငယ်ချင်းတစ်ယောက်သည်ကား အခန်းရှင်းပေးရမည်ဖြစ်သည်။ အကျိုးအကြောင်းကို သူရောက်လျှင် ပြောလိမ့်မည်။ မိမိသည် "အခန်းပြင်ထားလိုက်မယ်" ဟု ပြောကာ အခန်းရှင်းရမည်သာ။

ထို့ကြောင့် သူသည်လည်း

"အေး အေး အကြောင်းစုံကို ဒီရောက်မှ ပြောတော့ ငါ နင်မလာခင် နင်နေလို့ရအောင် အခန်းရှင်းလိုက်ဦးမယ်"

"အွန်း ကျေးဇူးပါ နန်း ရောက်ခါနီးကျ ဖုန်းဆက်လိုက်မယ်"

"Ok Ok"

ထို့နောက် နန်းဖြိုးဝေက ဖုန်းချလိုက်ကာ ဝသန်မိုးစက်နေရန် နေရာကို စီစဥ်ပေးနေလိုက်သည်။ သူ့အနေနှင့် မိုးစက် အိမ်ပေါ်က ဆင်းလာသော အကြောင်းအရင်းကို မှန်းမိသည်။ ဝသန်မိုးစက်သည် မြူလွှာနှင်းစက်ဟူသာ အမျိုးသမီးအတွက် အိမ်ပေါ်ကနေ ဆင်းလာခဲ့သည်မှာ သေချာ၏။ တစ်ဖက်အမျိုးသမီးမှ ဝသန်မိုးစက်အပေါ် မည်သို့ ခံစားချက်မျိုး ရှိနေသည်မှန်း မသိရသော်လည်း နှစ်ဦးသား၏ ခံစားချက် ထပ်တူကျဖို့ရန်တော့ မျှော်လင့်မိပါသည်။

ရေဒီယိုလှိုင်းများမှတစ်ဆင့် (Unicode Version)Where stories live. Discover now