7

608 83 13
                                    


"လမ်းကြောင်းတစ်...ကို ခေါင်းဆောင် နိုရီ ဦးဆောင်မယ်...လမ်းကြောင်းနှစ်ကို ငါ ဦးဆောင်မယ်..လိုအပ်တဲ့ လက်နက်တွေ ကိုပိုယူသွားကြ..ဟုတ်ပြီလား?

"ဟုတ်ကဲ့ပါ..ဒုခေါင်းဆောင်.."

"ဒီအတောအတွင်း ဘာပြသနာတွေရှိသေးလဲ?"

မရှိပါဘူး ဒုခေါင်းဆောင် စစ်ဆင်ရေး ဘက်မှာလဲ အားလုံး အဆင်ပြေပြီးး လက်ဖြောင့်သေနပ်သမားတွေလဲ ပိုတိုးထားပါတယ်.."

"ကောင်းပြီ..ဒါဆို ဒီနေ့ တော့ဒီလောက်ပါပဲ..လေ့ကျင့်ရေးတပ်သားကို နောက်အပတ်ကျမှ ငါကိုယ်တိုင် လက်တွေ့ဆင်းပေးမယ်.."

"ဟုတ်ကဲ့.."

အစည်းအဝေးပြီးသွား၍ ရုတို အစည်းအဝေးခန်းထဲက ထွက်လာခဲ့လိုက်သည်။ လျှောက်လမ်းတစ်လျှောက် လျှောက်လာခဲ့ရင်းမှ အချိုးအကွေ့တစ်ခုအ ရောက် ကွေ့လိုက်တာနဲ့ရင်ဘတ်တစ်လျှောက် ပူဆင်းသွားသည်အထိ တစ်စုံတစ်ခုသည် ကိုယ်ပေါ်ဖိတ်ကျလာတာမို့ ရူတို မျက်နှာသည်လဲ တင်းခနဲ...

ကုတ်အင်္ကျီက အနည်းငယ် ထူတဲ့အသားမို့ အပူရှိန်က လျှော့သွားခြင်းဖြစ်သည်။

တစ်ဖက်မှာ အရွယ်ငယ်ငယ်ကောင်လေးတစ်ယောက်သည် ဖိတ်စင်သွားသော ကော်ဖီတို့ကြောင့် ရုတိုကို အကြိမ်ကြိမ် ဦးညွှတ်ကာ..

"တောင်းပန်ပါတယ် ဒုခေါင်းဆောင်..ကျွန်တော် မမြင်လိုက်လို့ပါ တောင်းပန်ပါတယ်.."

အိတ်ကပ်ထဲမှ လက်သုတ်ပုဝါကို ဆွဲထုတ်ရင်း
ရုတို၏ နက်ခ်တိုင်နှင့် ရင်ဘတ်တစ်လျှောက် ပေကျံသွားသည်များကို လိုက်သုတ်ပေးသည်မို့ ရုတို လက်တစ်ဖက်ဖြင့်ကာလိုက်ရင်း...

"မင်းနာမည် ဘယ်လိုခေါ်လဲ?"

"ဆိုး..ဆိုးဂျောင်ဟွမ် ပါ"

"ဘာ ရာထူးလဲ?"

"Computer ကိုင် .."

"ရပြီ..နောက်တစ်ခါ ဆင်ခြင်ပါ...''

"ဟုတ်ကဲ့.."

ရုတို စိတ်ကိုလျှော့ကာ ထွက်လာလိုက်သည်။ အလုပ်လုပ်ဖို့ ထက် အခုတော့ ရေအရင်ချိုးရတော့မည်ထင်သည်။

- CHESS - (Complete)Where stories live. Discover now