"ဂျွန်ဂယူ မင်းပြန်လို့ မဖြစ်ဘူး! ဒဏ်ရာရထားတယ်လေ.."
"မပြန်ရင် ကျောင်းက လူတွေကအစ သံသယ ၀င်ကြလိမ့်မယ်..မပြန်လို့မရဘူး ဦးလေးချွဲ!"
"ကျစ်..ကွာ..."
"အမြန်ကျည်ထုတ်ပေးပါ.."
"မင်း ခေါင်းမာတာ သိပေမယ့် ဒီလောက်ထိ ခေါင်းမာမှန်းမသိခဲ့ဘူး...ကောင်းပြီ မင်းကောင်းကောင်းသည်းခံထားနိုင်ဖို့ပဲလိုတယ်..."
ချွဲဟျွန်းဆော့ ကတ်ကြေး ဇာဂနာ အစရှိသည်တို့ကို ပိုးသတ်လိုက်ပြီး သက်ပြင်းကိုချလိုက်သည်။
ယုန်ဖြူလေးဟုခေါ်ရသည်အထိ နုနယ်လွန်းတဲ့ ဂျွန်ဂယူ...ကျည်ဖောက်၀င်နေမူကို အစိမ်းတိုင်းခွဲထုတ်ခိုင်းလောက်တဲ့အထိ သန်မာနေလိမ့်မယ်ဟု ချွဲဟျွန်းဆော့ မထင်ခဲ့... မတတ်နိုင်.။
လုပ်စရာရှိတာတော့ လုပ်ရပေမည်။ သူကိုယ်တိုင်ပဲ ဒဏ်ရာဆိုတာ ကျောချင်းကပ် ညီအစ်ကိုဟုပြောခဲ့တာ မဟုတ်လား?
ဆေးခန်းသုံးဇာဂနာရှည်တစ်ခုကို အရက်ပျံထဲ နှစ်ကာ သွေးထွက်နေသော ဒဏ်ရာကို ကြည့်လိုက်တော့ ဂျွန်ဂယူဟာ မျက်နှာလွဲသွားသည်။
"ဒိုယောင်း"
"ဗျာ..."
"ကိုင်ထားပေးစမ်း.."
ဒိုယောင်းက ချက်ချင်းထလာကာ ဂျွန်ဂယူ ခေါင်းလုံးလုံးကို ၀မ်းဗိုက်နားကပ်၍ ဖက်ထားပေးလိုက်သည်။ ဘယ်လောက်ပဲ ခေါင်းမာမာ လူသားမို့ အသားထိလျှင် နာကျင်ပေလိမ့်မည်မဟုတ်လား?
ချွဲဟျွန်းဆော့ စိတ်နှစ်လိုက်ကာ လက်မောင်းကြားထဲ မညာမတာ နစ်၀င်နေသော ကျည်ဆံဆီကို ထိုးသွင်းလိုက်သည်။
ဂျွန်ဂယူ အံကြိတ်ထားပေမယ့် မျက်ရည်တို့စီးကျလာခဲ့သည်။ နာကျင်မူက အသဲခိုက်မတတ်...
မထိန်းနိုင် လောက်အောင်တုန်ရီလာသော ခန္ဓာကိုယ်ကို ဒိုယောင်းက ပွေ့ဖက်ထားပေး၍ တော်သေးသည်။
ကြောက်တာပေါ့...မကြောက်ဘဲရှိမလား..အစိမ်းသက်သက်ထိုးဖောက်ခံနေရတာ အသဲမွနေသလို
နာသည်။အသားထဲ နစ်၀င်နေသော ကျည်သည် ဆွဲ ထုတ်မရဖြစ်နေသောကြောင့် သိပ်အချိန်ဆွဲမနေတော့ဘဲ ဓားချွန်တစ်ခုနဲ့ ထိုးခွင်းရန်ပြင်တော့ အကေါ်စီးမှ မြင်နေရသော ဒိုယောင်းသည်ပင် ကြက်သီးဖျန်း ခနဲထကာ ဂျွန်ဂယူ မျက်နှာကို ဝှက်ထားပေးမိလိုက်သည်။
ESTÁS LEYENDO
- CHESS - (Complete)
Fanfic'Chess' ဆိုတဲ့စကားတစ်ခွန်းနဲ့ မင်းကိုယ့်ဘ၀ကို အနိုင်ယူသွားပြန်ပြီ...