အိမ်ရှေ့စံက လော်ဖိန်းနယ်မြေကိုရောက်တာ ၁ပတ်ပြည့်ခဲ့ပြီဖြစ်သည်။
ရွာလူကြီးဖြစ်တဲ့ ရှောင်းအကြီးအကဲက သဘောအရမ်းကောင်းလွန်းတဲ့အတွက် အိမ်ရှေ့စံကို ဘာမှ မမေးမြန်းဘဲ ဆက်လက်ပြီး အိမ်မှာခေါ်ထားသေးသည်။
အိမ်ရှေ့စံက အသားခြောက်တွေကို နေလှန်းနေရင်း အသံသာသာချိုချိုလေးကြောင့် လှမ်းကြည့်လိုက်သည်။
" ရှောင်ဝမ် ''
အနားကို ပြေးလာတဲ့ လူသားလေးကို အိမ်ရှေ့စံက မျက်နှာသေနဲ့ ငေးကြည့်နေရပေမယ့် ရင်ထဲမှာ ဘယ်လောက်တောင် လိပ်ပြာလေးတွေ ပျံဝဲနေသလဲဆိုတာကို အိမ်ရှေ့စံသည် အသိဆုံးဖြစ်လိမ့်မည်။
" သခင်ငယ်လေး..''
သခင်ငယ်လေးလို့ သူ့ဘက်က ခေါ်တိုင်း ဖြစ်တတ်တဲ့ ရှောင်းငယ်လေးရဲ့ နူတ်ခမ်းလေးစူပြီး မျက်စောင်းထိုးတတ်တဲ့ပုံစံကလည်း နှလုံးသားကို တစ်မျိုးလှုပ်ခတ်စေပြန်၏။
" ကြည့်..ခေါ်ပြန်ပြီ ၊ အဲ့လိုမခေါ်ပါနဲ့ဆို ရှောင်းကျန့်တဲ့.. ကျန့်ကျန့်လို့ပဲ ခေါ် ''
အမိန့်စကားကို ချစ်စဖွယ်ဆိုတတ်သည့် ရှောင်းငယ်လေးက အိမ်ရှေ့စံ၏ မှင်သေသေမျက်နှာထားကို ကြည့်ကာ ပြုံးတုံ့တုံ့နဲ့ ။
ခက်ခဲတဲ့အရာဆိုရင် လူတွေက ပိုလိုချင်တယ်၊ တန်ဖိုးထားတယ်တဲ့။
ကိုယ့်ရဲ့ မထုံတတ်တေး ပုံစံကြောင့် ရှောင်းငယ်လေးက ခုလိုမျိုးတွေ လာရောက်ကပ်တွယ်နေတာများဖြစ်နေမလား။" ရှောင်ဝမ်..ရှောင်ဝမ် ဘာတွေတွေးနေတာလဲ ''
" ဟင့်အင်း.. သခင်ငယ်လေးက ကိုယ့်ကို ဘာပြောချင်လို့လဲ ''
" ဘာမှ မပြောချင်ဘူး ဆိုပေမယ့် မေးချင်တာတစ်ခု နှစ်ခု သုံးလေးခုရှိတယ် ''
" ကိုယ့်ကို ??''
" အင်း.. ဟိုလေ ရှောင်ဝမ်က အချစ်ဆိုတာကို ဘယ်လိုမြင်လဲဟင် ''
အိမ်ရှေ့စံက ကောက်ရိုးမြက်ရိုးတစ်ခုကို ကိုက်လိုက်ပြီး တစ်ဖက်လှည့်ကာ နူတ်ခမ်းတွန့်ရုံလေးပြုံးလိုက်မိသည်။
YOU ARE READING
The Necklace [ Completed ]
Historical FictionOriginal Name : 國王的項鍊(ဧကရာဇ်၏လည်ဆွဲရတနာ) Restart date; July 24.2023(Monday) End date ; October 2.2023(Monday )