အိမ်ရှေ့စံက သူ့ရဲ့မိဖုရားလေးကို သိပ်ချစ်တာတဲ့။
ဒီစကားတွေက ယွီဝမ်တစ်နိုင်ငံလုံးမှာ လူပြောများနေတဲ့ ရေပန်းစားတဲ့ စကားလေးပါပဲ။ရာသီတွေပြောင်းလဲခဲ့တာ အခုဆိုရင် ဆောင်းရာသီကိုရောက်ရှိခဲ့ပြီဖြစ်သည်။
ဆောင်းရာသီမို့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မြူငွေ့တွေရစ်သိုင်းပြီး ဖြူလွသော နှင်းပွင့်လေးတွေကလည်း မြိုင်ဆိုင်စွာကျဆင်းနေခဲ့ကြပြီ။" ဝမ်ရိပေါ်က ကျွန်တော့်ကို ပစ်ထားတယ် ၊ ဝမ်ရိပေါ်က ကျွန်တော့်ကို မခေါ်ဘူး''
" ကိုယ်တော် တကယ် မအားလပ်လို့ပါ ရှောင်းငယ်လေးရယ် ''
ခန်းဆောင်ဝန်းအတွင်းပတ်ဝန်းကျင်မှာ နှင်းတွေပိတ်သည်းနေပြီး သစ်ပင်ပန်းမန်တွေပေါ်မှာလည်း ဆီးနှင်းခဲတွေတင်ကျန်နေ၏။
အနွေးခြုံပုဝါအထူကြီးခြုံလွှမ်းထားပြီး နှင်းခဲတွေကိုလုံးနေသော ရှောင်းငယ်လေးက နူတ်ခမ်းကို စူထော်ထားသေးသည်။
အအေးဓာတ်ကြောင့် ပါးမို့လေးနှစ်ဖက်ဟာ ရဲဥနေသည့်အပြင် နှာခေါင်းလုံးလုံးလေးကလည်း နီစွေးနေသော ရှောင်းငယ်လေးက အိမ်ရှေ့စံကို တကယ်ကြီးစိတ်ဆိုးနေသည့်အလား ကျောခိုင်းထားလျက်သာ။
ရှောင်းငယ်လေးနဲ့အိမ်ရှေ့စံက အကြင်လင်မယားအရာမြောက်ခဲ့ပြီမှာ ယနေ့ဆိုလျှင် ရှစ်လတောင်ရှိခဲ့ပြီဖြစ်သည်။
ရှစ်လလုံးလုံး အိမ်ရှေ့စံက ရှောင်းငယ်လေးအပေါ်မှာ သူငယ်ချင်းကောင်းတစ်ယောက်လို၊ ခင်ပွန်းသည်တစ်ယောက်လို ၊ အစ်ကိုတစ်ယောက်လိုပြုကျင့်ကာ ရှောင်းငယ်လေးနဲ့ ရင်းနှီးမှုယူခဲ့ရသည်။တကယ်တော့ ရှောင်းငယ်လေးက သွက်လက်ချက်ချာကာ ချစ်ဖို့ကောင်းတဲ့သူလေးဖြစ်သည်။
မိဖုရားခေါင်ကြီးကပင် သဘောကျနေသည်အထိ ချစ်စဖွယ်ကောင်းလွန်းသည့် ရှောင်းငယ်လေးက အိမ်ရှေ့စံအပေါ်မှာ ဆိုးသွမ်းနေတတ်ပြီ။" အာ့...''
အိမ်ရှေ့စံ၏ ဗိုက်ကို နှင်းဘောလုံးလေးနဲ့ ပစ်ပေါက်လာသော အိမ်ရှေ့မိဖုရားလေးက အိမ်ရှေ့စံရဲ့ အလန့်တကြားအော်သံကို သဘောကျကာ တခစ်ခစ်ရယ်နေသေးသည်။
YOU ARE READING
The Necklace [ Completed ]
Historical FictionOriginal Name : 國王的項鍊(ဧကရာဇ်၏လည်ဆွဲရတနာ) Restart date; July 24.2023(Monday) End date ; October 2.2023(Monday )