Episode -15

1.5K 155 2
                                    


" ကိုယ်တောင်းပန်ပါတယ် ''

".....''

ရှောင်းငယ်လေးက နာကျင်စွာပဲကြည့်နေရင်းမှ ထိုစကားကိုမကြားချင်သည့်အလား နားနှစ်ဖက်ကိုပိတ်ပြီး လှည့်ထွက်ပြေးသွားခဲ့သည်။

" ရှန်လျန့်...ကိုယ့်ကိုစောင့်ပါအုန်း ''

"....''

" ရှန်လျန့်...''

အိမ်ရှေ့စံကမျက်စိရှေ့မှ ထွက်ပြေးသွားသော ရှန်လျန့်ကို အော်ဟစ်ခေါ်နေရင်း နောက်ပါးမှလိုက်သွားခဲ့လေ၏။

သို့သော် ရှန်လျန့်က ဟန်ကျန်းမြစ်( ရေခဲပြင်မြစ်) ဆီသို့ ပြေးသွားခဲ့သည်။

လင်းရွှီနဲ့အတူ ရှောင်းငယ်လေးက ဒီနေရာမှာ မကြာခဏဆိုသလို ငါးလာမျှားဖူးသလို ရှောင်ဝမ်လည်း ဒီနေရာမှာ ငါးလာမျှားတတ်သည်။

ရေခဲပြင်လေးဟာ အခုဆိုရင် ဟိုတစ်စုဒီတစ်စု ရေခပ်ပြင်ချပ်တွေကြား အနည်းငယ်ကျယ်ဝန်းတဲ့ရေအိုင်လေးရှိနေပြီဖြစ်သည်။

" ရှန်လျန့်..ကိုယ့်ကိုမုန်းသွားတာလား ''

" ရှောင်ဝမ်..ကျွန်တော် ခင်​ဗျားကို မမုန်းပါဘူး၊ ဒါပေမယ့် ခင်ဗျားကိုတော့  ဆက်မတွေ့ချင်တော့ဘူး ၊ ကျွန်တော့်မိသားစုရဲ့သွေးတွေက ခင်ဗျားရဲ့ရဲ့လက်မှာပေစွန်းသွားပြီ ''

" ကိုယ်..''

" ကျွန်တော် သေပစ်လိုက်မယ်..ပြီးရင် နိုင့်ဟယ်တံတားပေါ်မှာ အတိတ်မေ့မြစ်ရေတစ်ခွက်ကို သောက်လိုက်မယ် ၊ ကျွန်တော်တို့က ဘယ်တော့မှ မသိကြတော့ဘူး ၊ မကောင်းဘူးလား''

" ရှန်လျန့် ကိုယ် မင်းကို တကယ်ချစ်မြတ်နိုးတာပါ ''

" အရင်ကတော့ ကျွန်တော်ယုံကြည်ခဲ့ပါတယ်၊ အခုတော့ ခင်ဗျားကို မယုံကြည်နိုင်တော့ဘူး ၊ ကျွန်တော် ခင်ဗျားကို သိပ်ကြောက်သွားပြီ''

အိမ်ရှေ့စံရဲ့ မျက်စိရှေ့မှာ ရှန်လျန့်က လောကကြီးကို ကျောခိုင်းတော့မည့်သူလို ဆုံးဖြတ်ချက်ခိုင်မာနေပုံရသည်။

"လော်ဖိန်းရွာလေးမှာ လူဖြစ်ခွင့်ရခဲ့တာကို ကျွန်တော်ပျော်နေခဲ့တာ..အခုတော့ ကျွန်တော်တို့ရွာလေးက မီးလောင်ပြင်ဖြစ်ရတော့မယ်''

The Necklace [ Completed ]Where stories live. Discover now