''မမလေး သူက မှုံရွှေရည်တဲ့''
flat rollဆံထုံးကို တင်းနေအောင်ထုံးထားသည့် အမျိုးသမီး။ နှုတ်ခမ်းနီနီ။ နှင်းဆီပန်းနီနီ။ယင်းပန်ပွင့်လေးဟာအနည်းငယ်ညိုးနွမ်းနေသော်လည်း တယုတယနားကြားလေးထဲညှပ်ထားသည်။မျက်နှာကြောတင်းတင်းလေးဟာ အရာရာကို ရင်ဆိုင်နိူင်သည့်အားအင် အပြည့်။
တမင်လိမ်ချိတ်ကာ ဆေးလိပ်ကို ပြင်းပြင်းဖွာနေသည်။ ထိုမိန်းကလေးဟာ သူမ၏ ဇင်ယော်တောင်သဏ္ဍန် မျက်ခုံးလေးကို ရုတ်တရက် တစ်ကြိမ်လောက် ကခုန်စေသည်။ လက်ပြည့်ပြည့်လေးက အသာတချည်လှုပ်ခတ်လိုက်သည်မှာ ပြင်းပါသည်ဆိုသည့် ဆေလိပ်ငွေ့လေးတွေတောင် ပျောက်ကွယ်သွားသည်။''မှုံရွှေရည်...အွန်း...နာမည်လေးက လှသကိုး''
စီးကရက်ကို တရှိုက်လောက်အပြင်းဖွာလိုက်သည်။[အငွေ့တွေသည် ကျွန်မ မျက်နှာဆီကို တိုက်ရိုက်။ ကျွန်မမုန်းသည့် ဒီဆေးလိပ်ငွေ့။]
''အော် sorry! တို့က မင်းဆီကို ရောက်သွားဖို့မရည်ရွယ်လိုက်ပါဘူး။ မင်းကြည့်ရတာ ဆေးလိပ်နံ့မကြိုက်ပုံပဲ''
[ဟော။ ပုဏ္ဏားလေးများ သူ့ဗိုက်ထဲ ရှိသလား။]
''ရပါတယ်ရှင့် ... အဆင်ပြေသလိုသာနေပါ... မှုံ့ကို အားမနာပါနဲ့''စကားပြောပြေပြစ်သည့်အပြင် ညို့ယူမှု အားကောင်းသည့် ထိုမိန်းကလေး။ နက်မှောင်သည့် ကေသာက မျက်နှာဖြူဥဥလေးပေါ် ဖြာကျနေသည်မှာ အဖိုးတန်ရတနာလေးတွေကိုဝှက်ထားသည့်မြေကြီးမို့မို့လေးအထက်တွင် မြက်ပင်ပန်းပင်လေးများ ယိမ်းနွဲ့နေဟန်။ တဝ'ကြီးတန်ဖိုးထားဖွယ်ရာ အချင်းနဲ့ပြည့်စုံသူလေး။အဝတ်အစားတို့ဟာ နွမ်းနှယ်နေပေမယ့် ဒီမိန်းကလေးရဲ့အလှတရားကိုတော့ သေးသေးလေးမှမဖျက်ဆီးနိူင်။
''အော်...ဒါနဲ့... မင်းက ဒီမှာ ဘာပဲလုပ်ရရ... လုပ်မယ်ဆို''
သောက်လက်စ ဆေးလိပ်လေးကို မီးစ'သတ်လိုက်ရင်း ပြုံးလိုက်သည်။ ''မနူးမနပ်ကလေးမလေးပါ'' ဆိုသည့်အပြုံး။''ဟုတ်ကဲ့... ကျွန်မက တောက တက်လာတဲ့အညတရလေးပါ... အလုပ်ရှာလို့ရနိူင်တဲ့ ပညာအင်အားကလည်းမရှိ...သင့်တော်မည့်အလုပ်လည်းမရှိပါဘူး...ဒီနေရာဟာ ကျွန်မအတွက် နောက်ဆုံးပါ...ဒီမှာမှ အလုပ်မရရင်တော့...ကျွန်မ ဘယ်သွားလို့ သွားရမှန်းတောင်မသိ....''
YOU ARE READING
ချစ်ပန်းနှင်းဆီ...
Teen Fictionတို့က နှင်းဆီလေးပန်းလေးတွေကို ချစ်တယ်... ပြီးတော့ မင်းကိုပါ ချစ်တယ်...။