Part. 2

157 12 0
                                    

''မေမေကြီး ဒီနေ့ ဧကရီ့ကို သစ္စာCampanyက ကိုဘမောင်လာခေါ်မယ်နော်။ တချက် အချိန်ညှိထားပေးဦး။ ပြီးတော့...။ ဒီနေ့ မှုံရွှေရည် ဆိုတဲ့ မိန်းကလေးကို အိမ်မှာ ဧကရီ့အတွက် လိုအပ်တာခိုင်းဖို့ရာ ခေါ်ထားတယ်။ ဧကရီ့ကို အသိမပေးပဲ သူ့ကို ဘာမှလျှောက်မခိုင်းနဲ့။''

ဧည့်ခန်းထဲ၌ black coffeeတစ်ခွက်သောက်ကာ ထိုမိန်းမလှလေးက ဆိုသည်။

''ဟုတ်ပါပြီရှင်... မနက်ဖြန်တွေ့မယ်နော်။''

ထိုအမျိုးသမီးက ပြုံးနေသည်။ မျက်ဝန်းခပ်နက်နက်တို့ထဲမှာ မှိုရတော့မည့်အရိပ်အယောင်။

''အော် ဒါနဲ့ မင်း ကိုဘမောင်နဲ့တွေ့ရင် ဆေးလိပ်တွေ သိပ်မသောက်ပါနဲ့ကွယ်... အားနာစရာ''

''ကိုဘမောင်က ဧကရီ့နဲ့ ရင်းနှီးလာတာကြာပြီမို့ ဧကရီ့အကြောင်း သူသိပါတယ်...ပြီးတော့ နားလည်ပေးပါတယ် မေမေကြီး။ ဒါ့ကြောင့် စိတ်ပူဖို့မလိုပါဘူး''

''ကိုဘမောင်က မင်းကို အတည်ကြံနေပုံပဲ။ ဧကရီ မင်းစဥ်းစားပါဦးလား?''

''အဟွန့်... တပ်မက်မှုတွေခင်းထားတဲ့ နေရာတွေကို ဒီဘဝတစ်ဘဝစာရှောင်မယ်။မလိုအပ်တော့ဘူးလေ။ အချစ်ဆိုတဲ့ အရာလေးကိုတော့ သိပ်လိုချင်မိတာ။ တစ်ခါမှလည်း မကြုံဖူးလို့ ပိုပြီးမက်မောမိတယ်။ တဏှာရာဂတွေကိုမုန်းတယ်။ ဒါတွေနဲ့ ဘဝကြီးမတည်​ဆောက်နိူင်ဘူး မေမေကြီး... ''

''သဘောပါရှင်... ဟောဒီက ကျွန်မအတွက်ကလည်း မင်းဟာလာဘ်ကောင်လေးမို့ ပိုတောင်မစွန့်နိူင်သေးကွယ်''

စီးကရက်ဘူးလေးကို လက်ကိုင်အိတ်ထဲထည့်ရင်း ထိုနှင်းဆီးပွင့်လေးက ခပ်ရော်ရော်ပြုံးပြသည်။နှုတ်ခမ်းနီနီ။ နှင်းဆီနီနီ။သူမမှာ အနီရောင်ရပ်ဝန်းလေးတွေ စုံသည်။ရဲရင့်စွာ လှသည်။ ပြီးပြည့်စုံလှသည့် ခန္ဓာကိုယ်လေးထက်မှာ အသည်းယားလောက်အောင် ပါးလွှာလှသည့် အဖြူရောင်မှန်ကြည်သားအင်္ကျီ ခါးတိုလေးဟာ ပုရိသတို့အတွက် အရည်ပျော်ကျသွားနိူင်ဖွယ်။ကြောက်စရာကောင်းလောက်အောင် လှသည့်အလှ။ သူမရဲ့အလှကို လည်တိုင်က ဒေါင်းပါးယက်လေးကလည်း မနိူင်။ မာပယ်လုံချည်လေးကလည်း မနိူင်ပြန်။ သူမဟာ ပြိုင်စံရှာကလေး။

ချစ်ပန်းနှင်းဆီ...Where stories live. Discover now