''အိ... ဒါတွေက ဘာတွေလဲ?''
''အော်... မမလေးခင် ပြန်လာပြီလား?''
''အွန်း... မေးနေတာဖြေပါဦး... အိ''
''ဒါတွေလား... မမလေးဧကရီ စိုက်ခိုင်းထားတာလေ... ''
''အော်... နှင်းဆီ အနီလေးတွေလား... မစိုက်စဖူး အခုမှ ဘာစိတ်ကူးပေါက်နေလဲမသိ! ''
''ဟုတ်ပါ့ မမလေးခင်ရာ... အခုက နှင်းဆီနီတွေမဟုတ်ဘူး မမလေးရဲ့... နှင်းဆီဖြူလေးတွေပါ''
''ဟမ်... အဖြူလေးတွေလား?''
မေးခွန်းပေါင်းများစွာက သူမကို အဖြေပေးနေသော်ငြား သူမက မျက်နှာလွှဲနေသည်။ အတွေးတွေ တန်းစီကာ ထိုအမျိုးသမီးဆီသို့လျှောက်လာသည်။
..........
''ဟေး...ကလေးမ တို့ကို ပန်ပေးပါ့လား ဒီနှင်းဆီအဖြူလေး''
''ရှင်...''
''ဟောရာ... ပန်ပေးမှာလား မပန်ပေးချင်တာလားနော်.... တို့ကတော့ ဝန်းထဲမှာ အောတိုက်ကြီးကို စိုက်ထားလိုက်ပြီနော့်...ဟိဟိ''
''ရှင်... မှုံက ပန်ပေးချင်ပါတယ်... ဒါပေမယ့် ''
'' ဒါပေမယ့် လုပ်မနေနဲ့...သိတယ်နော်... တို့က အဖြူလေးနဲ့ မလိုက်ဖက်ဘူလို့ မှုံပြောမှာမို့လား''
''ရှင်... မဟုတ်တာ မမလေးကလည်း။ မမလေးက နှင်းဆီလေးနဲ့ဆို ဘယ်အရောင်ဖြစ်ဖြစ်လိုက်တယ်... ဒါအမှန်ပဲ''
''ဟော...ဒါဆို ပန်ပေးလေ''
သူမက ထိုမိန်းကလေးရှိရာဘက်ကို ဦးခေါင်းလေးညွှန့်ပေးသည်။ ပြီးတော့ ကလေးလေးပမာ ကြည်လင်လှသည့် မျက်ဆံနက်နက်လေးကို ထင်းနေအောင် ထိုမိန်းကလေးဆီသို့ မရွေ့ဘဲ ကြည့်သည်။ ထိုမိန်းကလေးက ထိုမျက်ဝန်းတို့ကိုရှောင်သည်။ သူမရဲ့ ချိုင့်ဝှမ်းလေးဟာ အလိုလိုပေါ်လာသည်။
''ပန်ပြီးပြီ... မမလေး''
''တို့လှရဲ့လား... မှုံ''
ပြုံးစိစိမျက်နှာထား။ သူမရဲ့ဆံထုံတင်းတင်းလေးကို ခပ်ဖွဖွသပ်ပြလျက်။
''...''
သူမနဲ့ အဖြူရောင်လေး အကြည့်ဆုံမိသည်။ အဖြူရောင်လေးက ရှက်ကိုးရှက်ကမ်း။ မရုန်းထွက်ချင်မှန်း အသိအသာ။သို့သော် ထိုမျက်ဝန်းထင်းထင်းလေးကို ထပ်ရှောင်သည်။
YOU ARE READING
ချစ်ပန်းနှင်းဆီ...
Teen Fictionတို့က နှင်းဆီလေးပန်းလေးတွေကို ချစ်တယ်... ပြီးတော့ မင်းကိုပါ ချစ်တယ်...။