''ဒေါက်...ဒေါက်...။ ကျွှီ...''တံခါးပွင့်လာသည်။တပြိုင်နက် ကလေးချော့မည့်မျက်ဝန်းလေးပါ ပါလာသည်။ မျက်စိကလည်လည်လေးဟာ အိပ်ယာပေါ်မှာ နောက်ကျောပေး လှဲခွေနေသည့် နွမ်းနွမ်းနှယ်နှယ်ပန်းပွင့်ဖြူလေးဆီမှာ ငြိမ်သက်လျက်။
''ဟေး...ကလေးမ... မင်း အဆင်ပြေရဲ့လား''
[အပြစ်ကင်းတဲ့ရှိုက်ငင်သံလေးကြားရသည်။ သူမဟာ တကယ့်ကလေးလေး။]
''ဟေး... ဒီဘက်လှည့်ပါဦး။''
[သူမငိုကြွေးပုံလေးဟာ လူကြီးတွေ ဆူခံထိတဲ့ ကလေးလေးတစ်ယောက်အလား။ ကျွန်မက ကလေးလေးတွေကို ချစ်သည်။ အထူးသဖြင့် ဖြူစင်တဲ့ကလေးလေးတွေကိုပေါ့။]
''ကလေးမ... တို့ မင်းကို သနားတယ်... ဘယ်လိုများ ချော့ရပါ့...''
ထိုစကားသံကြောင့် အငိုတိတ်သွားသည့် ကလေးလေး။ ရုတ်တရက် ထ' ထိုင်သည်။
''ရှင်...မမလေးက မှုံ့ကို သနားတာလား? ''
[ ဘဝတစ်လျှောက်လုံး ဘယ်သူမှ ဂရုမစိုက်ခံရဖူးဘူး။ အခုတော့ ဒီအမျိုးသမီးက ကျွန်မကို သနားတယ်တဲ့။ သူမဟာ ကျွန်မကို ဂရုစိုက်ဖူးတဲ့ ပထမဦးဆုံးသောအမျိုးသမီး။ ]''ဟုတ်သပါ့။ တို့က မင်းကို သိပ်သနားတာ။ ဒါပေမယ့် မင်းက တို့ သနားတာကိုကြိုက်ရဲ့လား... မကြိုက်ရင် အားနာစရာ''
''မဟုတ်ရပါဘူး...မှုံက ပျော်တာပါ။ ဘာလို့ သနားလဲဟင်... ဒါဟာ မမလေးအပြစ်မှ မဟုတ်တာ။''
''တို့ မင်းကို အော်မိတယ်လေကွယ် ... တို့ အော်မိတယ်''
''အာ...မှုံ့က အဲ့လောက် ခံစားချက်တွေ အသေးမစိတ်ပါဘူး မမလေးရယ်... မှုံက ခံစားချက်တွေအကြောင်းလည်း နားမလည်ပါဘူး''
''ခံစားချက်တွေဟာ တကူးတက နားလည်ဖို့မလိုပါဘူး...မှုံ။ မင်းရဲ့ ဘယ်ဘက်နံရိုးလေးတွေရဲ့အောက်ဘက်ဆီကအရာလေးက အလိုလိုခံစားတတ်ပါလိမ့်မယ်...သူက မင်းကို အလိုလိုသင်ပေးပါလိမ့်မယ်။''
လက်ထဲက ဆေးလိပ်တိုကို မီးငြိပြီး အပြင်းရှိုက်လိုက်သည်။ကလေးလေးတစ်ယောက်ကတော့ ယောင်လည်လည်နဲ့ပေါ့။သူမ အခုထိ နားမလည်သေးဟန်။
YOU ARE READING
ချစ်ပန်းနှင်းဆီ...
Teen Fictionတို့က နှင်းဆီလေးပန်းလေးတွေကို ချစ်တယ်... ပြီးတော့ မင်းကိုပါ ချစ်တယ်...။