အပိုင်း ၂

20 2 8
                                    

Unicode

ဒေါက်.. ဒေါက်..

"သားလေး သားရှိန်းစက်.. သားရေ နိုးပြီလား"

ဒေါ်အေးသန်းတစ်ယောက် သားရဲ့အခန်းရှေ့ကနေတံခါးခေါက်ကာနှိုးကြည့်သည်။ပုံမှန်ဆိုလဲ စောစောထလေ့ရှိသည့် သားကြောင့် မနက် ၇ နာရီဆိုတာ သူ့ရဲ့ပုံမှန်နိုးချိန်ဖြစ်လို့နေသည်။

ဒုတိယတစ်ခါထပ်ခေါက်ဖို့အပြင် ပွင့်လာသော အခန်းတံခါးရဲ့နောက်မှာ ခပ်ချောချောမျက်နှာလေးတစ်ခုက ဒေါ်အေးသန်းရဲ့ရင်ကိုအေးချမ်းစေသည်။

"ရေချိုးနေတာလား သား"

တဘတ်ကိုခါးမှာ တစောင်းပတ်ထားပြီး ဆံပင်ရေသုတ်နေသည့်သားဖြစ်သူကိုကြည့်ပြီး ဒေါ်အေးသန်းမေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်တယ် အမေ မနေ့ကလဲ တန်းအိပ်ပျော်သွားတာဆိုတော့လေ အဲ့တာနိုးလာတော့ နုန်းနေတာနဲ့ ချိုးလိုက်တာ"

"အေး အေး ခေါင်းကိုသေချာသုတ်နော် မိုးအေးနေတာ ဖျားမယ် ပြီးရင်အောက်ကိုဆင်းလာခဲ့ မနက်စာစားကြမယ်"

"ဟုတ်"

သွားတန်းဖွေးဖွေးလေးပေါ်တဲ့ထိပြုံးပြလာတဲ့သားချောကြောင့် ဒေါ်အေးသန်းသဘောကျပြီးလှည့်ထွက်သွားသည်။ငယ်ငယ်လေးတည်းက မိဘစကားဆိုမပယ်ရှားပဲ အမြဲနားထောင်တတ်တဲ့သားကြောင့် မိတ်ဆွေအသိုင်းအဝိုင်းကြားမှာလဲ ဒေါ်အေးသန်းမျက်နှာပွင့်ရသည်။ငါးနှစ်လောက်ခွဲနေရသော်လဲ ပြန်လာသောအခါ သားဖြစ်သူက ဘွဲ့တွေအများကြီးသိမ်းကျုံးယူခဲ့ပြီး မိဘဂုဏ်ကိုတက်စေပြန်သည်။

သားလေးအကြောင်း အတွေးတွေနဲ့မနက်စာဝိုင်းပြင်နေတုန်း ခင်ပွန်းဖြစ်သူနဲ့ စကားတွေပြောပြီးဆင်းလာတဲ့သားကိုတွေ့လိုက်ရသည်။

"လာ လာ ဒီမှာ မနက်စာ ရှင်တို့သားအဖ ၂ ယောက်အကြိုက် နန်းကြီးသုပ်"

ဦးဇေယျာအောင်လဲ ဇနီးဖြစ်သူဘေးတွင်ဝင်ထိုင်ကာ ပြင်ပေးထားသော နန်းကြီးသုပ်ကိုကြည့်ရင်း သဘောတွေ့နေတော့သည်။ယခင်ဆို လင်မယား ၂ ယောက်တည်းစားရတဲ့ မနက်စာဝိုင်းဟာ အခုတော့ သားလေးကြောင့် မိသားစုစုံလင်နေလေသည်။

ချစ်သော ခတ္တာWhere stories live. Discover now