Unicode
ဖရူး...
ပါးစပ်ထဲဝင်သွားတဲ့လက်ဖက်ရည်က ကြမ်းပြင်ပေါ်မှုတ်ထုတ်ခြင်းခံလိုက်ရသည်။
"ဘယ်လို!!"
"ကျစ်! မင်းတို့ကလဲကွာ အဲ့လောက်ဖြစ်ပြစရာလိုလား"
ခတ္တာကိုစိတ်ဝင်စားနေပြီဟု ချစ်လှစွာသော သူငယ်ချင်းနှစ်ယောက်ကိုပြောပြခါမှ တစ်ယောက်က သောက်လက်စ လက်ဖက်ရည်တွေထွေးထုတ်ကုန်၏။နောက်တစ်ယောက်မှာတော့ အသံပြဲနဲ့ထအော်လေသည်။
"လိုတယ်ကွ လိုတယ် မင်း ကစားချင်တယ်ဆိုလဲ တစ်ခြားလူရှာစမ်းပါကွာ အကို့ကိုတော့ မလုပ်ပါနဲ့ မင်းအတွက်ပြောနေတာ"
"ခတ္တာကဘာဖြစ်နေလို့လဲကွ ဒီလောက်လှတာကို"
"ရှိန်းစက်ရာ စကားနားထောင်စမ်းပါ မင်းအတွက်မကောင်းပါဘူး"
မင်းဇော်ကငြီးငြီးငြူငြူနဲ့ ထွေးထုတ်လိုက်မိသော လက်ဖက်ရည်များကို နှမြောနေသယောင်ဖြင့်ခွက်ထဲသို့ကြည့်နေရင်း ပြောလာလေသည်။
"အေး ဘာလို့မကောင်းတာလဲလို့ ငါသိချင်တာကို မင်းတို့မှမပြောပြတာ"
မင်းဇော်ရော လင်းထိုက်ရော သက်ပြင်းချကာ ရှိန်းစက်ကိုကြည့်နေလေသည်။
"အကိုက ညငှက်လုပ်တာကွ"
ရှိန်းစက် ထိုအခါမှ မျက်မှောင်ကျုံ့ကာ ခေါင်းတညိတ်ညိတ်နဲ့ ငြိမ်သွားတော့သည်။မင်းဇော်နဲ့ လင်းထိုက်မှာလည်း အကိုခတ္တာအကြောင်းတွေးရင်း စိတ်မကောင်းဖြစ်နေကြသည့်ရုပ်လေးတွေဖြင့်။သို့သော် စိတ်မကောင်းဖြစ်လို့မှမဆုံးသေးခင် ရှိန်းစက်ထပြောသောစကားကြောင့် နှစ်ယောက်လုံးမှာ ရှေ့က ရေနွေးကြမ်းအိုးနဲ့ ကိုယ့်ခေါင်းကိုယ်သာထုပစ်ချင်သွားတော့သည်။
"ဒါနဲ့ ညငှက်ဆိုတော့ ခတ္တာက ဇီးကွက်တို့ လင်းနို့တို့ရောင်းတာမျိုးလား အဲ့တာဘာမကောင်းလို့လဲကွာ စီးပွားရေးပဲကို"
"ဟာ ဒီကောင် ဘာတွေပြောနေတာတုန်း"
"မင်းတို့ပဲ ညငှက်လုပ်တာဆို"
"မင်းဇော် မင်းပဲပြောပြလိုက်ကွာ ဒီသူဌေးသားနဲ့တော့"
"ဒီလိုကွာ.."
YOU ARE READING
ချစ်သော ခတ္တာ
Romance"အမည်းစက် တစ်စက်မဟုတ်ဘူး မောင် ငါ့ဘဝတစ်ခုလုံးကိုက အနက်ရောင်ဖြစ်နေတာ.. ငါ့လိုလူက တစ်ညတာအတွက်ပဲကောင်းတယ် တစ်ဘဝစာအတွက်မဟုတ်ဘူး ငါက.. ငါက မောင့်ရဲ့တန်ဖိုးထားခြင်းတွေနဲ့ မသက်ဆိုင်ဘူး" - နှောင်းခတ္တာ -