Unicode
"အန်တီနွယ် ဒီမှာ ကျွန်တော့်အဆောင်ခ ကိုးသောင်းပါ"
ဒေါ်တင်နွယ်ချိုဆိုသည့် အဆောင်ပိုင်ရှင်က ခတ္တာဆီမှ ပိုက်ဆံကိုယူကာ ရေကြည့်နေရင်း ခတ္တာဆီသို့လည်းအကြည့်တွေကအစုန်အဆန်ပင်။
"ဒီတလော မင်းအဆောင်ကိုညဘက်တွေပြန်မလာဘူးနော် မနေတော့ဘူးဆိုရင်လည်းကြိုပြော အန်တီလဲလူထပ်တင်လို့ရတယ်"
"မလုပ်ပါနဲ့ဗျာ ပြန်မလာဘူးဆိုတာ ကျွန်တော်အလုပ်လုပ်နေလို့လေ အန်တီနွယ်"
"မင်းအလုပ်ကဘာအလုပ်လဲ ညနေဘက်ဆို မင်းသားရှုံးအောင် ပြင်ဆင်ပြီးထွက်သွားပြီ ညဘက်လည်းပြန်မလာဘူး ဝေလီဝေလင်းမှ ဖရိုဖရဲနဲ့ရောက်ရောက်လာတာ ပြန်ပြောပြတဲ့လူတွေရှိတယ်နော် ခတ္တာ အန်တီတို့အဆောင်မှာရှိတဲ့ယောကျာ်းလေးတွေက အလုပ်ဆိုလည်း မနက်သွား ညနေပြန်၊ ညဆိုင်းဆင်းတဲ့သူဆိုလဲ အဆောင်ပိတ်ချိန်မတိုင်ခင်ပြန်လာတဲ့သူတွေချည်းပဲ မင်းတစ်ယောက်တည်းက ဒီလိုဆက်ဖြစ်နေရင် မင်းကိုဆက်လက်ခံဖို့စဥ်းစားရတော့မယ်"
"ဟုတ်ကဲ့ပါ ကျွန်တော်နောက်ရက်တွေနောက်မကျအောင် ပြန်လာပါ့မယ် အန်တီနွယ်"
"ပြီးတာပဲ အန်တီ့အဆောင်က လူကောင်းလူသန့်တွေပဲလက်ခံတာ လူဆိုတာ ဆင်းရဲငတ်ပြတ်နေရင်တောင် အကျင့်သိက္ခာဆိုတာရှိရမယ် ကိုယ့်ကိုယ်ကိုတောင်တန်ဖိုးမထားတတ်တဲ့သူတွေကို ပိုက်ဆံဘယ်လောက်ပေးထားထား အန်တီခေါ်မထားနိုင်ဘူး အဆောင်လဲ ပတ်ဝန်းကျင်မှာနာမည်ပျက်တယ်"
ခတ္တာရဲ့လက်သီးဆုပ်လေးတွေမှာတင်းခနဲဖြစ်သွားရ၏။ဒီလောက်စကားတွေပြောနေပုံထောက်ရင်တော့ အန်တီနွယ်ဟာ ခတ္တာဘာအလုပ်လုပ်လဲဆိုတာ သိသွားပုံရ၏။ဒါကမထူးဆန်းပါ။တစ်နေ့နေ့တစ်ချိန်ချိန်တော့ သိသွားကြမှာပါပဲ။ထိုအချိန်ရောက်လာရင် ခတ္တာကလည်း နေစရာနေရာအသစ်တစ်ခုကိုထပ်ရှာရစမြဲပဲဖြစ်သည်။အခုလည်း ပြောင်းဖို့ အချိန်တန်လာပြီထင်လေရဲ့။
အန်တီနွယ်ထွက်သွားတာနဲ့ ခတ္တာလည်း ကျောပိုးအိတ်လွယ်ကာ ကိုဘူကြီးတို့အိမ်သို့ထွက်ခဲ့လိုက်သည်။
YOU ARE READING
ချစ်သော ခတ္တာ
Romance"အမည်းစက် တစ်စက်မဟုတ်ဘူး မောင် ငါ့ဘဝတစ်ခုလုံးကိုက အနက်ရောင်ဖြစ်နေတာ.. ငါ့လိုလူက တစ်ညတာအတွက်ပဲကောင်းတယ် တစ်ဘဝစာအတွက်မဟုတ်ဘူး ငါက.. ငါက မောင့်ရဲ့တန်ဖိုးထားခြင်းတွေနဲ့ မသက်ဆိုင်ဘူး" - နှောင်းခတ္တာ -