Part-3 U&Z

515 39 10
                                    

<Unicode>
"တောက်!! စိတ်ပျက်ဖို့ကောင်းလိုက်တာ.."

Make up ဖျက်ရည်ဖြင့် ရှိုင်းမင်းယံ နမ်းရှိုက်သွားသည့် မျက်နှာပြင်ပေါ်သို့ အကြမ်းပတမ်း ဆွဲပွတ်ရင်း မှန်ကို စေ့စေ့ကြည့်ကာ ပြင်းရှဝိုင် စိတ်ပျက်စွာ ပေါက်ကွဲမိသည်...

ဘယ်အရာမဆို မိမိ အလိုဆန္ဒကိုသာ တွေးတောသည့်သူ
တခြားလူတွေ ဘယ်လို ဖြစ်နေမယ်၊ ဘယ်လို ခံစားရမလဲဆိုတာ စိတ်မဝင်စားသည့်သူ...

မိမိ စိတ်မပါရင် အသက်နဲ့ ယှဥ်လာရင်တောင် အသေခံသွာမယ့် ပြင်းရှဝိုင်ဆိုတဲ့ ငါက အခုတော့ ကိုယ်စိတ်ပျက် ရွံရှာနေပါပြီ ဆိုတဲ့ အရာကို စိတ်မပါလဲ လုပ်နေရတယ်တဲ့...

အဟက်!! ဒါက တကယ် စောက်သည်းပေါက်စရာဘဲ..

"ဒေါက် ဒေါက် ဒေါက် !!"(တံခါးခေါက်သံ)

"ဟင်းး ဝင်ခဲ့!!"

ပြင်းရှဝိုင်ရဲ့ စိတ်ပျက်နေသည့် အသံဖြင့် အမိန့်ပေးသံ အဆုံး ပြာလဲ့ရီ ကော်ဖီဗူးလေး ကိုင်ကာ ဝင်လာသည်...

ပြာလဲ့ကို မြင်သည်နှင့် ရှ ရဲ့ ပေါက်ကွဲခါနီး ဒေါသဗုံးဟာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲ ထွက်သွားတော့သည်...

ဟုတ်တယ်!! ပြာလဲ့ ကြောင့် ငါအခုလို ဟိုရွံစရာကောင်ရဲ့ အသားယူမှု့ကို ခံရတာ ...

ကော်ဖီလေး သွားဝယ်ခိုင်းလိုက်ပါတယ်..ဆယ်ဘဝလောက်ကြာတဲ့အထိ ပေါ်မလာခဲ့ဘူးလေ..
အဟွန့် ပြာလဲ့သာ အနားမှာ ရှိနေရင် ငါဒီလို အသားယူခံရမှာ မဟုတ်ဘူး..
ဟုတ်တယ် ငါအခုလို ခံစားရတာ ပြာလဲ့ နင့်ကြောင့်ဘဲ!!

"ရှ မှာတဲ့ ကော်ဖီ ရပြီနော်.."

ပြာလဲ့က အချိုသာဆုံး အပြုံးလေးဖြင့် ကော်ဖီဗူးလေး လှမ်းပေးပေမယ့် ပြာလဲ့ ရဲ့ အပြုံးဟာ ရှ အတွက် စက်စုပ်ရွံရှာ ဖွယ် ဖြစ်လို့နေသည်...

ရှ ပြာလဲ့ဆီမှ ကော်ဖီဗူးကို ယူကာ မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး ပြာလဲ့ကို ကော်ဖီတွေ ဖြင့် ပတ်လိုက်သည်!!

ရုတ်တရက် သူ့အပေါ် ဒေါသတွေတောက်လောင်နေသည့် အကြည့်များဖြင့် ကြည့်ကာ ပြုလုပ်လိုက်သည့် ရှရဲ့ အပြုအမူကြောင့် ပြာလဲ့မှာ ကြောင်အ သွားရသည်...

My Happiness Tempat cerita menjadi hidup. Temukan sekarang