Part-1 U&Z

823 43 5
                                    

<Unicode>
(ဤ ဇာတ်လမ်းတွင် ပါဝင်သော ဓနခေတ် ဆိုသည်မှာ စာရေးသူ စိတ်ကူးဖြင့် ဖန်တီးထားသော ခေတ်တစ်ခု ဖြစ်ပါသည်။ အပြင်မှာ တကယ်မရှိပါ။ ဇာတ်လမ်းပါ အကြောင်းအရားများမှာ စာရေးသူ ဖန်တီးထားသော စိတ်ကူးယဥ် အချစ်ဇာတ်လမ်းလေးမို့ လက်တွေ့ဘဝနှင့် များစွာ ကွဲလွဲ နိုင်ပါသည်။)

သူရိန်ဒွိ မင်းတရားကြီး အုပ်စိုးသော ဓန နေပြည်တော် ကြီးဝယ်......

စည်းစိမ်း ဥစ္စာ ပေါကြွယ်ဝပြီး လူနေမှု့ အဆင့်အတန်း မြင့်မားလှသော လူကုန်ထည် အသိုင်းအဝိုင်းများ အများဆုံး နေထိုင်ကြသည်။

လူနေထူထပ်ပြီး ကျန်းမာရေး၊ စီးပွားရေး အစစအရာရာ အဆင်ပြေကြသဖြင့် အခြား တိုင်းနေပြည်တော်များ အားကျအတုယူကာ လေးစားနေကြရသည့် တိုင်းနေပြည်တော်ကြီး တစ်ခု အဖြစ် ကျော်ကြားလှသည်။

လူကုန်ထည် အသိုင်းအဝိုင်း များတာမို့ သူ့ထက်ငါ အသာစီးယူချင်ကြကာ အပြိုင်အဆိုင် ယှဥ်ပြိုင်လေ့ ရှိကြသည်။ ငွေကြေးချမ်းသာမှု့၊ ရုပ်ရည်ချောမောမှု့၊ ပညာ ကြွယ်ဝ မှု့ စသဖြင့် ကဏ္ဍ အရပ်ရပ်မှာ ယှဥ်ပြိုင်ကြသည်။ အရှက်သိက္ခာ ကြီးမားပြီး မာနခေါင်ခိုက်နေသည့် လူတွေမှာ အများစု ဖြစ်သည်။

တစ်ယောက်နဲ့ တစ်ယောက် မနာလိုမှု့ ဘယ်လောက်ထိ ကြီးကြသလဲ ဆိုရင်ဖြင့် သားသမီး ရတနာ ဖွားမြင်ခြင်း အထိပါ သားယောင်္ကျားလေး ဖွားမြင်လျှင် တစ်ခြားမိသားစုထက် သာ သည်ဟု ယူဆကြသည်။ သားယောင်္ကျားလေးဟာ မြင့်မြတ်ပြီး နိုင်ငံအတွက်၊ တိုင်းနေပြည်တော် သာယာဖို့အတွက် အဓိက ဦးဆောင်နိုင်သည့် ရဲရင့်ထက်မြတ်မှု့များဖြင့် ပြည့်စုံကာ အရှိန်အဝါ လွန်စွာ ကြီးမားလှသည်ဟု တစ်ထစ်ချ ယုံကြည်ကြသည်။

အကယ်၍ သမီးမိန်းကလေး ဖွားမြင်ခဲ့လျှင်လည်း တစ်ပါးမိသားစုက သမီးပျိုထက် လှသထက် လှအောင် ဆင်ယင်ကြသည်။ နေထိုင်ပြုမူစေသည်။ စည်းကမ်းတင်းကျပ်ပြီး လွတ်လပ်မှု့ ကင်းမဲ့စွာ အကျဥ်းသား သဖွယ် ပုံစံခွက်ထဲမှာဘဲ နေထိုင်စေကြသည်။

သားယောင်္ကျားလေး မွေးဖွားလျှင် ခမ်းခမ်းနားနား ဂုဏ်ပြုပေးကြပြီး ဝမ်းပမ်းတသာ ကြိုဆိုကြသည်။ လူအများကြား ပွဲထုတ်ကြပြီး ဓနနေပြည်တော်ကြီးမှာ မသိသူ မရှိအောင် ထင်ရှားကျော်ကြားစေသည်။

My Happiness Where stories live. Discover now