Unicode
"ဗျာ!! အမေဘာပြောလိုက်တယ်!! ကျွန်တော်က ယောင်္ကျားလေးတစ်ယောက်ကိုလက်ထပ်ရမယ်!! ပြီးတော့သူကကျွန်တော်ထက် ၈နှစ်တောင်ကြီးတယ်!!အဲ့တာဆိုသူက၂၈ပေါ့!! အဲ့လူအိုကြီးကို ကျွန်တော်မယူဘူးနော်အမေ!"
ဟုတ်တယ်လေ သူ့ခမျာလွန်ခဲ့တဲ့အပတ်ကမှ၂၀ပြည့်တာကို မြင်တောင်မမြင်ဖူးတဲ့၂၈နှစ်အရွယ်လူအိုကြီးနဲ့ပေးစားနေတယ် လုံးဝမတရားဘူး...
"အော်သားရယ်စိတ်လျော့ပါကွယ်..သူကလူကောင်းလေးပါ..ပြီးတော့တော်ဝင်မျိုးရိုးသားရဲ့...အရင်မင်းကြီးနဲ့ မိဘချင်းပြုခဲ့တဲ့ ကတိဝတ်မို့ဖြတ်ဖို့ကမသင့်တော်ဘူးလေ.."
"ဟုတ်ပါတယ်သားရယ်...ဝမ်ရယ်ကလူကောင်းလေးပါကွယ်.."
အဲ့ဝမ်ရယ်ဆိုတဲ့သူကဘာဆေးတွေကွျေးထားလဲမသိ မတော်ရသေးတဲ့ သမက်ဘက်ကနေပြောပေးနေတာ ငါကသူတို့သားလား ဟိုလူကသူတို့သားလားမသဲကွဲတော့ဘူး..ဟွန့်
"ဟာ..မသိဘူးဗျာ..ကျွန်တော်ကြားတာကတော့ ဝမ်ရယ်ကသွေးအေးရက်စက်တဲ့နှလုံးသားပိုင်ရှင်တဲ့..မဖြစ်ပါဘူးဗျာ.."
"သားရယ်...အမေတို့မျက်နှာကိုမထောက်တော့ဘူးလားဟင်.."
ရိပေါ်ခဗျာ အမေ့ရဲ့မျက်ဝန်းလဲ့လဲ့တို့အားမလွန်ဆန်နိုင်တာကြောင့် နောက်ဆုံးတွင် အားအားယားယားကတိပြုခဲ့တဲ့ အရင်ဘုရင်ကိုသာပုံချမိတော့တယ်..
'ချီးလိုဘုရင် အားအားယားယား သူယူရမှာမဟုတ်တိုင်းလိုက်ပေးစားနေတာချီးထုပ်အဖိုးကြီး....'
.............
မယ်တော်ရဲ့စကားအရ ခမည်းတော်ဟာ သူမသေဆုံးခင်မှာ သူ့အသက်ကိုကယ်ပေးခဲ့တဲ့ မိသားစုနဲ့ကတိဝတ်တစ်ခုပြုလုပ်ခဲ့ကြောင်းကို ပြောပြခဲ့ပါတယ်တဲ့ အဲ့တာကတော့ မိသားစုနှစ်ခုကပထမဆုံဖွားမြင်တဲ့ကလေးနှစ်ဦးကိုလက်ထပ်ပေးဖို့ပါတဲ့လေ လက်ထပ်တာက ကိစ္စမရှိပေမယ့် လက်ထပ်ရမယ့်သူက ယောင်္ကျားလေးဖြစ်နေတာကတော့ ကိစ္စရှိသွားပြီ
"မယ်တော်..ကျွန်တော်လုံးဝလက်မခံဘူးနော်..ကျွန်တော်လက်မထပ်နိုင်ဘူး..ကျွန်တော်လိုဝမ်ရယ်တစ်ပါးက အမျိုးသားဝမ်ဖေးထားလိုက်ရင် လူတွေကဘယ်လိုပြောကြမလဲ..မယ်တော်လည်းသိရဲ့သားနဲ့ဗျာ..."

YOU ARE READING
ရှောင်းဝမ်ရယ်ရဲ့ဝမ်ဖေးငယ်
FanficPanda ပထမဆုံးရေးတာဖြစ်လို့အမှားပါရင် တောင်းပန်ပါတယ်