ရင်ခုန်နေသ၍ part_1

5.6K 104 3
                                    

❤️ရင်ခုန်နေသ၍❤️

💥အပိုင်း (1)💥

အမှောင်ကိုခွင်း + အလင်းဆောင်

(or)

ကိုကို + အရိပ်

"မေမေ တို့စုထားတာတွေရှိတယ်သား အဲဒါတွေနဲ့ သားနိုင်ငံခြားကျောင်းသွားတက်ရမယ်"

"ကိုကို မတက်ဘူး မေမေ ဘာဖြစ်လို့လည်းဆိုရင် ဖေဖေ နဲ့ မေမေ ဘယ်လိုပင်ပင်ပန်းပန်းလုပ်ထားတယ်ဆိုတာ သားအသိဆုံး"

"သား ဖေဖေတို့ ကသားအတွက်ရည်မှန်းပြီး စုထားတာ အဖေသားကို နိုင်ငံခြားကိုပညာတော်သင်သွားစေချင်လို့လည်း"

"ဖေဖေ ရယ် သားဒီမှာပဲ ဘွဲ့ရအောင်ပဲတက်မယ်လေနော်"

"မရဘူး သား ဖေဖေ နဲ့ မေမေကို ချစ်တယ်ဆိုရင် သားနိုင်ငံခြားသွားပါ"

"ဟုတ်ကဲ့ပါဖေဖေ သားကိုအချိန်နည်းနည်းပေးပါ"

"တစ်လအချိန်ပေးမယ် သား"

"ဟုတ် မေမေ"

ကိုကို တို့မိသားစုက သာမာန်မိသာစုလေးသာဖြစ်သည်။ကိုကို ဖေဖေက company တစ်ခုမှာမန်နေဂျာတစ်ယောက်ဖြစ်ပြီး ကိုကို မေမေက ကျောင်းဆရာမတစ်ဦးဖြစ်သည်။

ကိုကို သူ့ မိဘတွေကို ခွင့်တောင်းပြီး အပြင်ကိုလမ်းလျှောက်ထွက်လာသည်။

တစ်နေရာ အရောက်မှာတော့.......

"တောင်းပန်ပါတယ် အရိပ် မမြင်လို့ပါ မရည်ရွယ်ပါဘူး"

"နင်ကြောင့် ငါတို့ဆော့နေတာပျက်စီး သွားပြီလေ ကောင်မရဲ့"

"ဟို တောင်းပန်ပါတယ်"

"မင်း မျက်စီကန်းနေတာလား"

"ဟုတ်...ဟုတ်ပါတယ်"

"ဟာ အလကား မျက်မမြင်မ သွားတော့"

အရိပ်ကို ယောကျာ်းလေးတစ်ယောက်ကတွန်းလိုက်တဲ့အတွက် ထောက်ထားတဲ့ ဒုတ်ပါလက်ထဲကပြုတ်ကျသွားသည်။အရိပ်ကိုအရိပ်လဲကျပြီ ထင်ပေမဲ့ တစ်ယောက်က အရိပ်ကို ခါးကနေဆွဲထားသည်။

"ဘာဖြစ်သွားသေးလည်း"

"အရိပ် ဘာမှမဖြစ်ပါဘူး"

ရင်ခုန်နေသ၍Donde viven las historias. Descúbrelo ahora