ရင်ခုန်နေသ၍ part_7

1.6K 44 2
                                    


❤️ရင်ခုန်နေသ၍❤️

💥အပိုင်း (7)💥

အမှောင်ကိုခွင်း + အလင်းဆောင်

(or)

ကိုကို + အရိပ်

"မမလေး သခင်လေးကို အကြောင်းကြားပြီးပါပြီ"

"အင်း ကျေးဇူးပါ ဒါနဲ့ ကိုကို ဘာပြန်မှာလိုက်သေးလည်း"

"အစစအရာရာ ဂရုစိုက်ပြီး လုပ်ပါတဲ့ ဒီကလူတွေက အရမ်း အန္တရာယ် ရှိတယ်တဲ့"

"အင်း မင်း သွားတော့ တော်ကြာ ဟိုလူလာဦးမယ်"

"ဟုတ်ကဲ့ မမလေး"

အလုပ်သမားကောင်လေးထွက်လာသည်နှင့် သူမအခန်းထဲကို ဝင်လာသည့် လူကိုလှည့်မကြည့်ပဲ သူမဘယ်သူမှန်းသိသည်။

"သခင်မလေး "

"ဟင်"

သူမထင်ထားသလိုမဟုတ်ပါ။

ဇိုးဝင်လာခြင်းဖြစ်သည်။

"ဘာကိစ္စလည်း အခန်းထဲဝင်တာ တံခါးခေါက်ရမှန်းမသိဘူးလား ရှင်တို့ သခင်လေးကမသင်ထားဘူးလား"

"sorry ပါ သခင်မလေး သခင်လေးက လက်ထပ်ပွဲနေ့ကြရင် ဝတ်မဲ့ အဝတ်အစား လက်ဝတ်တန်ဆာ အကုန်စရင်းလုပ်ထားဖို့ပြောခိုင်းလိုက်လို့ပါ"

"သူကိုယ်တိုင်ဆိုင်ကိုလိုက်မပို့ပေးဘူးလား"

"သခင်လေးက အဲလောက်ထိ အချိန်အားနေတဲ့ သူမဟုတ်ပါဘူး သခင်မလေး ကျွန်တော် ခွင့်ပြုပါဦး"

ဇိုးပြောပြီးတယ် ထွက်လာခဲ့သည်။

လူလေးကလှသလောက် သခင်လေးအပေါ် တစ်ခုခုကြံနေသည်ဟုသူစိတ်ကပြောနေသည်လေ။

သူမ နဲ့ သူ အဲကိစ္စဖြစ်ပြီးနောက်ပိုင်း မနက်စာစားချိန် နဲ့ ညစာစားချိန်ကလွဲပြီး သူကိုကျန်တဲ့အချိန်မမြင်ရတော့ပါ။သူရှေ့သွားပြီး မက်တပ်ရပ်နေရင်တောင် မသိချင်ယောင်ဆောင်သွားသည်။

.........💥💥💥💥💥💥

ခွင်း စာကြည့်ခန်းမှ အလုပ်လုပ်နေတုန်း ဇိုင်းဝင်လာသည်။

"ဇိုင်း ဝင်လာပြီး ဘာမှမပြောဘူးလား ပြော ဘာပြောမလို့လည်း"

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Nov 04, 2023 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

ရင်ခုန်နေသ၍Opowieści tętniące życiem. Odkryj je teraz