Shizun × little monster

317 33 0
                                    

Gong _ Shizun

Shou _ little monster

စာရေးသူ _ @今天静静努力了吗

ဤကမ္ဘာမြေပေါ်တွင်,နတ်ဘုရားများနှင့် နတ်ဆိုးများသည် အေးချမ်းစွာ အတူယှဥ်တွဲနေထိုင်ခဲ့ကြပြီး,ဝင်ရောက်စွက်ဖက်ခြင်းမပြုခဲ့ကြပေ။

မိစ္ဆာငယ်လေးသည် နတ်ဆိုးဘုရင်ကြီး၏ သားတော်တစ်ပါးဖြစ်လေ၏။ ငယ်ငယ်က ရှစ်ဇွင်းဖြစ်သူက ကယ်တင်ထားခဲ့ပြီး,မိစ္ဆာငယ်လေးက သူ့(ရှစ်ဇွင်း)အကြောင်းအား တွေးတောနေလေ၏,ရှစ်ဇွင်းနှင့် တစ်ခြားနတ်ဘုရားများသည် သူ့အမြင်တွင် တူညီမှုမရှိခဲ့ပေ,လှပပြီး ​ကြော့ရှင်း၏,အမြဲတမ်း အဖြူရောင်ဝတ်စုံကိုသာ ဝတ်ဆင်တတ်ပြီး,တစ်ခြားအရောင်စုံ ဝတ်စုံများထက် အဖြူရောင် ဝတ်စုံကိုသာ နှစ်သက်သဘောကျပေ၏။ မက်မွန်ရောင် မျက်ဝန်းတစ်စုံသည် စွဲမက်ဖွယ်ကောင်းလှသည်။

ကြီးပြင်းလာပြီးနောက် သူသည် ရှစ်ဇွင်းဖြစ်သူ၏ အနားနေနိုင်ရန် အတတ်နိုင်ဆုံးကြိုးစားကာ နတ်ဘုရားဘုံသို့ သွားခဲ့လေတော့သည်,ရှစ်ဇွင်းဖြစ်သူက မျက်မှောင်ကြုတ်လိုက်ပြီး,သူ့ကို ကြည့်လာခဲ့သည်,ပြုံးလိုက်ရင်း:

“မင်းက ငါ့ရဲ့ ပထမဆုံး တပည့်ပဲ”

မိစ္ဆာငယ်လေးသည် သူ့နှလုံးသားက အခုန်မြန်နေသည်ကို ကြားနေရသည် ။

ရှစ်ဇွင်းဖြစ်သူက အရမ်းကောင်းသည်,မိစ္ဆာငယ်လေးနှင့် မကြာခဏ စာလုံးပေါင်း လေ့ကျင့်သင်ကြားပေး၏။ သူက အရူးလေးလိုပင်,ကောင်းကောင်းမွန်မွန်မသင်ယူနိုင်ခဲ့,ဒါပေမဲ့ ရှစ်ဇွင်းဖြစ်သူကတော့ သူ့အား ဘာမှမပြောခဲ့ပေ။ မိစ္ဆာငယ်လေးကတော့ ရှစ်ဇွင်းဖြစ်သူအား လွန်စွာနှစ်သက်သဘောကျပေသည်,သကြားလုံးမျိုးစုံအား ရှာဖွေလျက် ရှစ်ဇွင်းအားပေးအပ်လေ၏။ သူမှတ်မိသည်က ရှစ်ဇွင်းသကြားလုံးစားသည့်အခါတိုင်း အရမ်းကိုမှ ချစ်စရာကောင်းသည့်ပုံစံပင်။

ရှစ်ဇွင်း ဒါဏ်ရာရခဲ့သည်,မိစ္ဆာငယ်လေးက သူမကူညီနိုင်ခဲ့သည့်အတွက် ဝမ်းနည်းလာခဲ့ပြီး မျက်လုံးတို့က နီရဲလာတော့သည်။ ရှစ်ဇွင်းဖြစ်သူက အနည်းငယ် ရယ်ချင်သလိုဖြစ်လာခဲ့ပြီးနောက်:

love story (MM Tran)Where stories live. Discover now