I HATE YOU!..........Ep(1)

3.3K 220 2
                                    


I HATE YOU!

Ep (1)

"ဘာ Nai Nai ခုဘာပြောလိုက်တာလဲ ကျွန်တော် အိမ်ထောင်ပြုရမယ် ဟုတ်လား "

"အင်း ဟုတ်တယ်"

"ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ကျွန်တော် အခုမှ18 နှစ်ပဲရှိသေးတာလေ ပြီးတော့ ကျောင်းတောင်မပြီးသေးဘူး "

"ဘာမှ အထွန့်တက်ဖို့ မစဉ်းစားနဲ့ Zi Tao ဒါငါ့အမိန့်ပဲ"

"အမိန့်...... အမိန့် ..... အားနေ သဘောမတူဘူးဆိုတာနဲ့ အမိန့်ဆိုတဲ့ ခေါင်းစဉ် တန်းတပ်လိုက်တာပဲ ဒီတစ်ခါ အမိန့်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ကျွန်တော် လက်မခံနိုင်ဘူး Nai Nai "

Tao ပြောပြီးတာနဲ့ အပေါ်ထပ် သူ့အခန်းဆီသို့ အမြန် ပြေးတက်လိုက်လေသည်။ဒါတောင် အနောက်က သူ့အဘွားအော်သံ ကြားလိုက်ပါသေးသည်။

"Zi Tao မင်း........မင်း ငါ့အမိန့်ကို လွန်ဆန်ရဲတယ် ဟုတ်လား မင်းသဘော မတူလဲ ငါကတော့ ပေးစားမှာပဲ ဘယ်တော့ မှ ငါ့အမိန့်ကို မင်း မနာခံလို့မရဘူး Zi Tao အဲ့ဒါမင်းမြဲမြဲမှတ်ထား"

Tao သူ့အခန်းထဲလဲ ရောက်ရော တံခါးကို ဝုန်းခနဲ မြည်အောင် ပိတ်လိုက်လေသည်။ထို့နောက်

"အားးးး" Taoအားကုန်သုံးပြီး နံရံကို လက်သီး တစ်ချက် ပစ်သွင်းလိုက်လေသည်။

အားပြင်းလွန်းသောကြောင့် ညာဘက် လက်ဖမိုးတစ်ခုလုံး စုတ်ပြတ်သပ် ပွန်းပဲ့ကာ သွေးများ တတောက်တောက်
စီးကျလာလေသည်။ဒါပေ သူ သူ့ဒဏ်ရာထက် ရင်ထဲက ပိုနာကျင်နေသည်။ငယ်ငယ်တည်းက ခုထိ အဘွားပြောသမျှ နာခံခဲ့သည်။ လက်ခံခဲ့သည်။အဘွားစကားကို ဘယ်တော့မှ မပယ်ရှားခဲ့။ပယ်ရှားလျှင်လဲ အမိန့်လို့ဆိုလိုက်တာနဲ့ သူ့မှာ ပြောခွင့်မရှိတော့။အထွန့်တက်ပြောထားသော စကားအားလုံးသည်လည်း သဲမှုန်များအဖြစ်သို့......

ဒါပေ ဒီတစ်ခါတော့ မရတော့။အမိန့်ပဲဖြစ်ပါစေ ဘာကြီးပဲ ဖြစ်နေပါစေ သူဒီကိစ္စကို လုံးဝ လက်ခံမည် မဟုတ်။

ခုမှ အထက်တန်းပြီးခါစ ကဲဖို့ စဉ်းစားရုံရှိသေး အိမ်ထောင်ဆိုတဲ့ ငှက်လှောင်အိမ်ထဲ ဝင်ရတော့ မှာလား?ဟင့်အင်း အဖြစ်မခံနိုင်ဘူး သူလည်း တက္ကသိုလ်မှာ အခြားလူငယ်တွေလို ပျော်ပါးချင်တာပေါ့ ....ပြီးတော့ အချစ်မပါတဲ့ အိမ်ထောင်ရေးကိုလဲ မတည်ဆောက်ချင်ဘူး....စီးပွားရေး သမားအချင်းချင်း အကွက်မြင်၍ သူ့တို့အကျိုးအတွက် မိသားစုနှစ်စု ပေါင်းစည်းတဲ့ကိစ္စ.... အဲ့အတွက် အိမ်ထောင်ဆိုတဲ့ နာမည်ကြီးကို လှအောင် ဆိုင်းဘုတ် တင်လိုက်ချင်ပင်....အများအမြင်မှာ perfectဖြစ်တဲ့ အိမ်ထောင်တစ်ခု တည်ထောင်ခြင်းပေါ့.... ဒါပေ တကယ်တမ်းကျတော့ လောဘ မီးလျှံကြား ဓားစာခံ ဖြစ်ရခြင်းပင်။

I HATE YOU!(HIATUS)Where stories live. Discover now