I HATE YOU!.....Ep(5)

1.7K 172 3
                                    

I HATE YOU!

Ep(5)

လေတစ်ဖြူးဖြူး တိုက်ခတ်နေတာကို အန်တုပြီး သူ့မျက်နှာကို ပြတင်းပေါက် အပြင်ဘက် ထုတ်လိုက်တယ်။
ညဘက်လေလေးတွေက နေ့ဘက် တိုက်ခတ်တဲ့ လေတွေထက် ပိုအေးနေသလိုလို...လေပြေလေးတွေကြောင့် မျက်နှာတစ်ပြင်လုံးလည်း အေးစက်လို့....
ဒါပေ လေအေးတွေ ဘယ်လောက်တိုက်တိုက် မအေးစက်ဘဲ ရှိနေတာက သူ့ရင်ထဲက အပူတွေ....

သူဘယ်လိုလုပ်ရပါ့...မနက်ဖြန်ဆို သူ့မိဘတွေ Canada ပြန်တော့မယ် သူ သူ့မိဘတွေနဲ့ မခွဲချင်သေးဘူး အတူနေတာဖြင့်  တစ်ပတ်ပဲ ရှိသေးတယ် အခုတော့  ပြန်သွားတော့မယ်တဲ့။

nai naiကလေ မာန်ကိုအခုထိ မချချင်သေးဘူး သူmamaကို အခုထိ အမြင်မကြည်ဘူး ဆိုတဲ့ အကြောင်းပြချက်ကြီးက တကယ်မဟုတ်တာ ကျွန်တော် မသိတာကြလို့ mamaက သဘောကောင်းပြီး ကြင်နာတတ်တဲ့သူ တစ်ယောက်၊အိမ်ရှင်မကောင်း တစ်ယောက်ရဲ့တာဝန်၊ချွေးမ တစ်ယောက်ရဲ့ တာဝန်ကို ကျေပွန်လွန်းလို့ သူ့စိတ်ထဲ  ကြိတ်သဘောကျနေတာကို.... တကယ်ပါပဲ ခက်တယ်...ကိုယ်လည်း အမြင်ကြည်ပြီး သဘောတောင်ကြနေပြီပဲကို မာန်လျှော့ပြီး မိသားစုလေး စည်းစည်းရုံးရုံး၊ သိုက်သိုက်ဝန်းဝန်းနေဖို့  မတွေးဘူးလား မသိ အဲ့မာနနဲ့ မာန်ကို ဘယ်တော့ချမလဲဆိုတာ ကျွန်တော် တော်တော် သိချင်တယ်...ဟူး.... ဆက်တွေးရင် ငါဘဲ ရူးသွားလိမ့်မယ်။

Tao အတွေးတွေကိုသာ ပြန်ခေါက်သိမ်းရင်း အောက်ထပ်ကို ဆင်းလာခဲ့တယ်။မနက်ဖြန် ပြန်တော့မယ်ဆိုတော့ ဒီနေ့လေးတော့ မိဘနှစ်ပါးရင်ခွင်ထဲမှာ အိပ်ပါရစေ။ ကလေးလေးတစ်ယောက်လို ချွဲ့နွဲ့ပြီး တီတီတာတာ စကားတွေ ပြောချင်သေးတယ်လေ။

"ဒေါက်...ဒေါက်...ဒေါက် mama Tao ပါ တံခါးဖွင့်ပေးပါဦး"

"ဒေါက်.ဒေါက်.ဒေါက် mama papa "

Mamaရော papa ရော ဘယ်ရောက်နေလဲမသိ သူတံခါး ဒီလောက်ခေါက်ပြီး အော်နေတာကို မကြားဘူးဆိုတာ မဖြစ်နိုင်။ဘယ်သွားနေကြတာလဲ မသိ။

"အဘွားနဲ့ပဲ စကားပြောနေကြသလား?အဘွား အခန်းသွားကြည့်ဦးမှ"

Tao အဘွားအခန်းရှေ့ရောက်တော့ တံခါးဆွဲဖွင့်မည်အပြု အထဲမှ စကားသံများကြောင့် တံခါးလက်ကိုင်ဘုကို ဆွဲဖွင့်တော့မည့် လက်များက အလိုလိုရပ်သွားသည်။နားစွန်နားဖျား ကြားလိုက်ရသည်က "xian"
သိချင်စိတ်တို့ကြောင့်  တံခါးလေးအသာဖွင့် ခေါင်းလေး အထဲသို့ အနည်းငယ်စောင်းကာ  သေချာနားစိုက်ထောင်လိုက်သည်။

I HATE YOU!(HIATUS)Where stories live. Discover now