I HATE YOU !......... Ep (7)

696 87 7
                                    


I HATE YOU!

"အား!!!!!!!!!!!"

"အား Wu Yi Fan ကျက်သရေတုန်းကောင် လွှတ်စမ်း ငါ့ကို လွှတ်စမ်း !!!!!!!သေနာကောင် ...မသာကြီး ...နာတယ် လွှတ်လို့ဆိုနေ...... လွှတ်!!!!!!!!အခုချက်ချင်း ငါ့ပေါ်ကဖယ်. . . ငါ့ကို ကိုက်ရအောင် မင်းက ခွေးကောင်လား သေနာရဲ့ !!!!!!"

သူဘယ်လောက်အော်အော် ဟို ကျက်သရေတုန်းကတော့ နည်းနည်းလေးမျှ လွှတ်ပေးမည့်ပုံမပေါ်။

ကြာတော့လည်း  သူသည်သာ အသားကုန် ... မိုင်ကုန် ...ဆက်တိုက် အော်ဟစ်နေ၍ အသံတောင် ဝင်ချင်ချင် ။

ဟို လူကတော့ နားစည် မကွဲဘူးလား မသိ ။

သူသိသည်ကတော့ တစ်ပတ်လောက် အစာနှင့် ဝေးကွာနေရသော ၊ အသားဆိုတာ အခုမှ မြင်ဖူးလေသော ဝံပုလွေ တစ်ကောင်လို သူ့အသားအား အသားကုန်ခဲ၍  သွေးစုပ်ဖုတ်ကောင်လို သူ့အသွေးအား အားရပါးရ စုပ်နေသည် ဆိုတာ......။

"အား သေပါပြီဆို လွှတ်စမ်း သေနာကြီးရဲ့ !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!"

ွှိရှိသမျှ အသံ အားကုန်ခြစ်ထုတ်၍ (ငယ်ငယ်က ဝမ်းချုပ်လို့ 💩💩ပါမရတုန်းက ဘောလုံးဝမ်းချူဆေး အား ထည့်စဉ် ပြဲလန်အောင် အော်ငိုခဲ့ရသော အသံထက် သုံးဆလောက်) အော်ဟစ်လိုက်သည် ။ ငယ်ငယ်ကလိုတော့ မျက်ရည်မကျပါ မျက်လုံးအိမ်၌သာ မျည်ရည်များ ဝေ့သီလျက် ။

😡😡😡😡😡😡😡😡😡😡

သူ ...ကြားလိုက်ရသော အသံကြောင့် လန့်ဖြန့်၍ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျက် ပြုတ်ကျကာ လက်နှစ်ဖက်အား နားလေးများထံသို့ ကယောင်ကတန်းနှင့် အလျင်အမြန် အုပ်လိုက်မိသည်။နောက်ထပ် အော်သံထွက်မကျလာခင် ကြိုတင်ကာကွယ်ခြင်းစနစ်အား auto လုပ်လိုက်မိခြင်း။

တစ်ခါတလေတော့လည်း အတွေးထက် ခန္ဓာ၏ တုန့်ပြန့်မှုသည် ပိုလျင်မြန်သည်လေ ...။

သို့သော်ငြား......။

"ခွပ်"

စောစောစီးစီးမနက်ခင်းသည် ချက်ချင်းပင် ညသို့ပြောင်းသွားပြီး
ကြယ်တွေ လတွေပင် မျက်လုံးထဲ ပေါ်လာသလိုပင်။ ကမ္ဘာကြီး ပတ်ချလည်နေသလို ခံစားလိုက်ရပြီး ခေါင်းတစ်ခုလုံး မူးေးနာက်သွားသည်။ ပြုတ်ထွက်သွားသလို ခံစားလိုက်ရသော သူ၏ခေါင်းအား လက်ဖြင့် ထိန်းကိုင်ကာ သူ့ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော်ဖြစ်အောင် ပြုလုပ်လိုက်သူအား မနည်း မော့ကြည့်လိုက်တော့ တ'ကျွတ်...ကျွတ် 'ဖြင့် သူ့ခေါင်းသူပွတ်နေလေသည် ။ သူ့မျက်လုံးထဲတွင် ထိုကောင်လေးသည် ကိုယ်ပွားတွေ သုံး လေးယောက်ဖြစ်နေသည်။

I HATE YOU!(HIATUS)Where stories live. Discover now