Chapter 1(2/2)

235 25 17
                                    

Unicode

"ဟေး ချီးပဲ!" Premရဲ့ခန္ဓာကိုယ်မှာကပ်နေတဲ့ ထိုသူ့မျက်နှာပေါ်က ပါးသိုင်းမွှေးတွေနဲ့မေးစေ့ဟာ သူ့ရဲ့လည်ပင်းကြားထဲမှာ ညင်သာစွာ မြှုပ်ထားတာဖြစ်တယ်။ နားရွက်နားကနေထွက်နေတဲ့ သက်ပြင်းချသံက Premကိုပိုတုန်လှုပ်လာစေတယ်။ ထိုအချိန်မှာပဲ Premရဲ့လည်ပင်းကို နောက်ကလူက ရုတ်တရက်ယက်လိုက်တာကြောင့် တောင့်တောင့်ကြီးဖြစ်ပြီး ကြက်သီးတွေထလာကာ တစ်ကိုယ်လုံးနီရဲသွားရသည်။ သူ့ခန္ဓာကိုယ်က တောင့်ခဲနေစဥ်အချိန်အတွင်းမှာပဲ သူအကိုက်ခံလိုက်ရပြန်သည်။

"အား!!! နာတယ်ဟ! မင်း လူကိုကိုက်နေတာ ခုရပ်ပေးနိုင်မလား..." Prem စတင်ပြီးအော်ဟစ်မိတော့တယ်...

သူ့နောက်ကလူက Prem ရဲ့လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ချုပ်ထားတာကြောင့် Prem သူ့ကိုယ်သူ လွတ်မြောက်အောင်မလုပ်နိုင်တဲ့အတွက် Premဟာ တုန်တုန်ယင်ယင်နဲ့ပဲ ပင်ပန်းနွမ်းနယ်တဲ့အထိ ရုန်းကန်နေရုံသာတတ်နိုင်တယ်။ တစ်ဖက်လူရဲ့နှုတ်ခမ်းပူပူတွေဟာလည်း သူနောက်နားရွက်နီနီကို ဖိကပ်နမ်းရှိုက်နေတာကြောင့် Premလန့်နေစဥ်မှာပဲ သေးငယ်တဲ့အသံကို ကြားလိုက်ရတယ်။

"အနံ့ကအရမ်းမွှေးတာပဲ"

Prem မျက်မှောင်ကြုတ်မိပြီး လည်ပင်းကို ကျုံ့ဖို့ကြိုးစားပေမယ့် ထိုသူက Prem ကို လွှတ်ပေးဖို့ ရည်ရွယ်ချက်မရှိသလို သူ့ကို ပိုပြီးပြင်းပြင်းထန်ထန်သာ နမ်းရှိုက်(ရှူရှိုက်)လာတယ်။

"ရပ်တော့!"

"အဲဒါတွေ စားလို့ရမလားဟင်..."

"မရဘူး!" Prem ထိုသူရဲ့ခေါင်းကိုအဝေးသို့အားနဲ့တွန်းထုတ်လိုက်ပြီး"ငါက စားစရာမဟုတ်ဘူး ငါ့ကိုဝါးနေတာခုရပ်လိုက်တော့ ခွေးကောင်" ဆယ်ကျော်သက်ကောင်လေးဟာ တစ်ဖက်လူရဲ့နောက်ဆုံးစကားကိုကြားလိုက်ရပြီးနောက် ကျယ်လောင်စွာပြန်အော်မိတော့တယ်။

"ဗိုက်ဆာတယ်......"

"......"

ဆယ်ကျော်သက်ကောင်လေးရဲ့ နှလုံးသည်တဖျပ်ဖျပ်လှုပ်ခတ်ခုန်မြန်လာလေသည်...သူ့နောက်မှလူသည်လည်း ရုတ်တရက် မလှုပ်ရှားတော့ပေ။

Cooking crush {Myanmar TRANSLATION}Where stories live. Discover now